အချီး ၁၉ဝ၂ခု၊ နွေရာသီ အစောပိုင်းတွင် အီလီနွိုက်စ်တောင်ပိုင်း သတ္တုတွင်းမြို့ကလေးဖြစ်သော ကျောက်မီးသွေးမြို့မှ ဂျွန် ဘာရင်တန် အက်ရှ်လေသည် သူ၏အထက်အရာရှိ ဘရက်ကင်ရချ် လင်စင်းကို သတ်မှုဖြင့် အဖမ်းခံခဲ့ရသည်။ အက်ရှ်လေသည် ပြစ်မှုထင် ရှား၍ သေမိန့်ကျခဲ့သည်။ သေမိန့်ချပြီး ငါးရက်အကြာ ဇူလိုင်လ ၂၂ရက်၊ အင်္ဂါနေ့၊ တရားခံအား ကွပ်မျက်ရန်အသွား၊ ရထား ပေါ်တွင် အစောင့်များကြားမှ တရားခံသည် ဝင်ကယ်ထုတ်ခြင်း ခံရသည်။ အီလီနွိုက်စ်တောင်ပိုင်း မထင်မရှားမြို့ကလေးမှ သိပ်အရေးမပါသော ထိုဖြစ်ရပ်သည် တရားခံကို ထူးဆန်းစွာ ဝင်ကယ် ထုတ်ခြင်း မရှိခဲ့ပါက ဤမျှအမှတ်ထင်ထင် ဖြစ်ကျန်ရစ်မည် မဟုတ်ချေ။ တရားခံ အက်ရှ်လေသည် တစ်စုံတစ်ရာ ကြိုးပမ်း အားထုတ်ခြင်း မရှိပါဘဲ ဝင်ကယ်ထုတ်ခြင်းကို ခံခဲ့ရသည်။ အထမ်းသမားဝတ်စုံ ဝတ်ထားသော လူခြောက်ဦးသည် […]