မနေ့က ၂၀၁၅ ဇန္နဝါရီလ (၁၁)ရက် ၊တနင်္ဂနွေနေ့မနက် ရန်ကုန်မြို့ အင်းယားလမ်းက စိမ်းလန်းစိုပြေစားသောက်ဆိုင်မှာ “မန်းဂဇက်ချစ်သူများစာပေ၊ ကဗျာဆုပေးပွဲ နဲ့ မြန်မာ့ ဂဇက် ရွာသူားများတွေ့ဆုံပွဲ” ကိုအောင်မြင် ပျော်ရွှင်စွာနဲ့ ကျင်းပနိုင်ခဲ့ကြပါပြီ…လူ၆ဝ လောက်မှန်းထားပေမဲ့ ရွာသူားနဲ့ မိသားစုဝင် ၅၈ လောက်တက်ရောက်ခဲ့ကြပါတယ်… အစားအသောက်တွေက ရောက်ရောက်ချင်း ကော်ဖီ နဲ့ မအိ ယူလာတဲ့ဆင်းဒွစ်ရယ် အာတီဒုံယူလာတဲ့ နှမ်းပြစ်၊ မြေပဲပြစ်ရယ်… စားကြရင်း အစီအစဉ်တွေကိုတော့ လူစုံအောင်စောင့်ရင်း ၁ဝ နာရီမှ စဖြစ်ပါတယ်…. ၁၁ နာရီမှာက ကြက်ထမင်းကြော်၊ Fish finger ၊ဆီးဖုတုံရမ်းဟင်းချို ၊ ဆိုင်ရဲ့ စပါယ်ရှယ် ဆလက်ခေါ်တဲ့..သီးနှံမျိုးစုံကိုမရိုးနိ နဲ့သုတ်ထားတဲ့အချိုပွဲ..တို့နဲ့ပျော်ပျော်ပါးပါးစားသောက်ခဲ့ကြပါတယ်… မြန်မာ့ဂဇက် တွေ့ဆုံပွဲ တက်ရောက်သူစာရင်း ၁။ ကြီးမိုက် + ၂ […]


– – – – – – – – movie ထဲကပုံတွေပါ.. နောက်ဆုံး ဓာတ်ပုံပိုစ်ပါ. တစ်ချို့ပုံတွေမှာ resolution မကောင်းတာ တွေပါနေပါတယ်..  ဖြစ်ပုံက ဒီလိုပါ.. အိမ်က ထွက်လာကတည်းက ဪ ဓာတ်ပုံပဲရိုက်မှာ ပါလေ .. ပြီးတော့ ဂဇက် လူဂျီးတွေကလဲ ပရိုက်ဗက်စီ ကို မထိခိုက်အောင် သတိပေးထားတော့ သိပ်ရိုက်ဖြစ်မယ်မထင်လို့ တမင်တကာကို ကင်မလာထဲပ 32Gb ကတ်ကိုထုတ်ပြီး 4GB နဲ့လဲလိုပ်ပါလေရော. .အလုပ်ရှုပ်ခံပီးတော့ကို တမင်တကာလဲလိုက်တာ.. ဒါပေမယ့် တွက်ကိန်းကတော့မမှာဘူးဗျ.. သိပ်လဲမရိုက်ဖြစ်ဖူး.. အဲဒီလိုရိုက်နေတုန်း movie ရိုက်ဖို့ သွားသတိရလိုက် လို့ ရိုက်လိုက်တဲ့ အခါ.. ပြဿနာ က movies setting မှာ movies quality ကို ချိန်မထားတော့ […]


ဆုနဲ့ မနိုပေးတဲ့ လက်ဆောင်.. နောက်ပို့စ်မှာ မိတ်ဆက်စကားပြောတဲ့ ပုံလေးတွေ ထပ်တင်ပေးမှာ ဖြစ်ပါတယ်.. click here to see large size          


ဒီလိုနဲ့ပဲ ၂ ရက်တောင်ရှိသွားပေါ့.. ၂ဝ ရက်နေ့ ဦးအောင် တင်ပြီးကတည်းက ဓာတ်ပုံတွေ တင်ချင်ပေမယ့် ဦးပါတို့ က ခွင့်ပြုချက်လေးတွေ လိုပ်တယ် ဆိုလို့ စောင့်နေရလို့ ကြာသွားတာ စိတ်မဆိုးလိုက်ကြပါနဲ့နော်.. ခုတော့ တော်တော် များများစီက ခွင့်ပြုတယ် ဆိုလို့ တင်လိုက်ပါပြီ.. အမှန်က မနေ့ကတည်းက တင်ချင်နေတာ.. ရုံးမှာရော ဖုံးမှာပါ ကွန်နက်ရှင်က ဖင်ထောင်ပြီး ကျနေတာမို့လို့ .. ပုံတင်ဖို့ နေနေသာ သာ ပြန်တောင် မမန့်နိုင် ဖြစ်နေရလို့ပါဂျာ.. ခုတော့ တင်လိုက်ပါပြီ.. ဒါပေမယ့် အမည်တွေတော့ တပ်မထားတာကြောင့် သိစေချင်ရင် ကိုယ်ဘာသာ မန့်ပြီး ပြောကြပါတော့ ဪ ဦးပါက တူ့ပုံမပါဘူးလို့ ပြောထားတာ တွေ့လို့ တင်ပေးလိုက်ပါတယ်.. ဒီပို့စ်က ညနေကတင်ပြီးသွားပါပြီ ..ပုံတွေအရမ်းကြီးနေလို့ ပြန် အပ်ပ်ဒိ်တ်လုပ်ပြီး တင်လိုက်ပါဂျောင်း.             […]