kaiJune 11, 20101min905
ပုံပြင်လေးကတော့ ဒီလိုပါ။ ရှေးအခါက ဗာရာဏသီပြည်မှာ မိုးတွေခေါင်တဲ့အခါ ချောင်းကန်မြစ်ချောင်းတွေ ရေခန်းပြီး ရေသတ်သဝါတွေ ဒုက်ခရောက်ကြပါတယ်။ အဲဒီမှာ တနေ့တော့ မြစ်ကမ်းဘေး လူတယောက်က အိုးကြီးတလုံးထဲရေထည့်ပြီး ရေနွေးအိုးတယ်ပါတယ်။ ရေတွေပွက်ပွက်ဆူလာတဲ့အခါ ရေနွေးအိုးပေါ်မှာ တုတ်တန်းတခု ထိုးပြီး ထားတယ်ပေါ့..။ ပြီးတော့ ရေနည်းလို့ ဒုက်ခရောက်နေတဲ့ မြစ်ထဲကဂဏန်းတွေကို အဲဒီတုတ်တန်းပေါ်က ဖြတ်လျှောက်ခိုင်းတာပေါ့။ ဟိုဖက်ရောက်တဲ့ဂဏန်းကို သူကရေပေါတဲ့ အင်းအိုင်မှာ သွားလွှတ်ပြီး ကယ်တင်ပေးမယ်ဆိုပါတယ်။ “ဂဏန်းများကို ကျွန်တော်ကယ်တင်နေသည်..အဲ..အဲ..ကယ်တင်သူကြီး” ဆိုပါစို့..။ ဂဏန်းတွေဟာ အသက်နဲ့ရင်းပြီး လျှောက်ကြရပေမဲ့ ရေနွေးငွေ ့အပူဒဏ်ကြောင့် အကောင်ငယ်လေးတွေ။ အကောင်လတ်တွေ ရေနွေးအိုးထဲ တော်တော်များများကျ သေကြပါလေရော..။ အောင်မလေး..ဂဏန်းပြုတ်နံ ့လေး..တသင်းသင်းနဲ့ဖြစ်လာတာပေါ့..။ အဲဒီလိုနဲ့…တချိန်တော့…ဂဏန်းတွေအားလုံးထဲမှာ ကျမ်းမာပြီး သန်စွမ်းဟန်ရှိတဲ့ အကောင်ကြီးကြီးဂဏန်းကြီးဖြတ်လျှောက်ရမဲ့အလှည့်ရောက်ပါတယ်။ ဘယ်ရမလဲ.. ဂဏန်းကြီးက အပူဒဏ်ကြံ ့ကြံ့ခံပြီး အိုးရဲ့ […]