ကို သာSeptember 29, 20121min21413
နိုင်ငံတော်သမ္မတဦးသိန်းစိန် သည် စက်တင်ဘာလ ၂ရ ရက်နေ့က အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ပြုလုပ်သော ၆ရ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်း ပြောကြားခဲ့ပါသည်။ ထိုသို့မိန့်ခွန်းပြောကြားမှုသည် အဖွဲ့ဝင် ၁၉၃ နိုင်ငံရှိသော ကမ္ဘာလုံးဆိုင်ရာ အဖွဲ့ကြီးတွင် မိန့်ခွန်းပြောကြားသော ပထမဆုံး မြန်မာ့နိုင်ငံ၏ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်လာခဲ့သည်။ အဆိုပါမိန့်ခွန်းတွင် နိုင်ငံတော် သမ္မတဦးသိန်းစိန်က တတိယမြောက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်နှင့်ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့ကို ချီးကျူးဂုဏ်ပြုခဲ့ပြီး မြန်မာ့ဒီမိုကရေစီအရေး၊ ကချင်ပြည်နယ်အရေးနှင့် ရခိုင်ပြည်နယ်အရေးတို့ကို ထည့်သွင်းပြောကြားခဲ့ပါသည်။ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍”ယခင်က နိုင်ငံရေး အဓိက အတိုက်အခံအင်အားစုခေါင်းဆောင် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေဖြင့်သာမက ယခုအခါမှာ တရားဥပဒေစိုးမိုးရေးဆိုင်ရာ လွှတ်တော်ကော်မတီရဲ့ ဥက္ကဌအနေနဲ့ […]