ထိမ်းမြားမင်္ဂလာ ပြုသင့်သော လများ ၁။တန်ခူးလ -ချမ်းသာအံ့။ ၂။ကဆုန်လ -ကြွယ်ဝအံ့။ ၃။နယုန်လ -ဘေးကင်းအံ့။ ၄။သီတင်းကျွတ်လ -ရွှေငွေ၊သားသမီး၊ကျေးကျွန်များ အံ့။ ၅။တန်ဆောင်မုန်းလ – ကျွဲ၊နွား၊ဆင်၊မြင်းပေါအံ့။ ၆။တပို ့တွဲလ -ရွှေငွေ ပြည့်စုံအံ့။ ထိမ်းမြားမင်္ဂလာ ပြုလုပ်ရမည့် မင်္ဂလာ အချိန်အခါ အောင်-သာ၊နေမွန်းတည့်။င-ဆင်။သုံးချက်တီး၊ရွှေ-ပြည်၊တက်ထွန်းကာ။နန္ဒာ-နေထွက်။ ၁။တနင်္ဂနွေ၊သောကြာ မွန်းတည့်ကာ ဘယာဘေးမျိုးအောင်။ ၂။တနင်္လာနှင့်အဂါင်္တသီ။သုံးချက်တီးရန် မီးကင်းလွတ်ရှောင်။ ၃။ကြာသာပတေး တထူးဗုဒ္ဓဟူး နေတက်မပျက်၊ဤလူ ့ဘောင်။ ၄။နေထွက်၊နေဝင် စနေပင် စောလျင်ရန်မျိုးအောင်။ ယနေ ့ခေတ်မှာတော့ ဂုဏ်သရေရှိ လူကြီးလူကောင်းတို ့သည် ထိမ်းမြားမင်္ဂလာပြုကြရာတွင်. မင်္ဂလာဖိတ်စာ များကို သပ်ရပ်ခန် ့ညားသော ရွှေရောင်၊ငွေရောင် တို ့ဖြင့် ရိုက်နှိပ်၍ ဖိတ်ကြားနေကြလေသည်။ ထိမ်းမြား မင်္ဂလာပြုကြသော သတို ့သား၊သတို ့သမီး တို ့သည် မိမိတို ့၏မိဘများ ရာထူးဂုဏ်၊ဓနဂုဏ်၊ပညာဂုဏ် ကြွယ်ဝမှု ကိုလည်းဂုဏ်ယူသောအားဖြင့် မင်္ဂလာဖိတ်စာတွင် ထည့်သွင်းရိုက်နှိပ်ကြသည်။မိမိတို ့၏ […]