မြစ်ဆုံစီမံကိန်း ကြီး ရပ်နားထားလိုက်ပြီးဆိုတဲ့ သတင်းကို ကြားလိုက်တော့ ဝမ်းသာပီတိဖြစ်မိပါတယ်ဗျာ.. ဧရာဝတီကို ကယ်တင်ခဲ့တဲ့ သမ္မတကြီးကိုလဲ လေးစားဂုဏ်ယူပါတယ်ဗျာ… ဧရာဝတီအတွက် အဘက်ဘက်က ကာကွယ်ဖို.ကြိုးပမ်းပေးခဲ့ကြသော အခြားခြားသော လူများကိုလဲ ကျေးဇူးတင်ပါတယ်.. အရင်တုန်းက ဘာတွေပဲလုပ်ခဲ့လုပ်ခဲ့ ကောင်းတာလုပ်ရင် လုပ်သလို အားပေးဂုဏ်ပြုရမှာပါပဲ.. အဲဒီအတွက် ဘာကောင်မှမဟုတ်တဲ့ ကျွန်တော်က ဧရာဝတီ၏ ကယ်တင်ရှင် သမ္မတကြီးအတွက်၊ဧရာဝတီအတွက်  လက်ခုပ်တီးပြီး ဂုဏ်ပြုလိုက်ရပါတယ်ခင်ဗျားးးး.. ဖြောင်းဖြောင်းဖြောင်း……………… သမ္မတကြီး လဲ ပြည်သူတွေရဲ. သဘောထားနဲ. ကိုက်ညီအဆင်ပြေတဲ့ ဆုံးဖြတ်ချက်တွေများများချနိုင်ပြီး သက်တော်ရာကျော်ရှည်ပါစေ……………   ရွာသူ၊ရွာသားများလဲ ဝိုင်းဝန်းဂုဏ်ပြုပေးကြပါအုံးနော်.