manawphyulayJuly 3, 20121min24816
မြန်မာအမျိုးသမီးဆိုတာ……. အရင်က တင်ထားတာလည်း ရှိပါတယ်။ ဒီကနေ့အတွက် တင်လိုက်ခြင်း ဖြစ်ပါတယ်။ အင်း… ကျွန်မ ခုပြောမယ့် အကြောင်းအရာကတော့ မြန်မာမိန်းကလေးများ မြန်မာပီသပြီး ယဉ်ကျေးမှုကို ထိန်းသိမ်း စေချင်တဲ့ စေတနာတစ်ခု ကျွန်မရဲ့ စိတ်မှာ ကိန်းအောင်းနေမိပါတယ်။ ကျွန်မကတော့ ဗုဒ္ဓဘာသာပီပီ ကံ၊ ကံ၏ အကျိုးတရားကြောင့် မိန်းမဖြစ်လာရပေမဲ့ မြန်မာမိန်းမလေးဘဝ ဖြစ်လာရတာကို ဝမ်းမနည်းပါဘူး။ ဂုဏ်တောင် ယူမိပါသေးတယ်။ ဒီလိုပဲ ကိုယ့်မြန်မာအမျိုးသမီးတွေရဲ့ဘဝကို အားကျပြီး စိတ်ဝင်စားတဲ့ အနောက်နိုင်ငံအများစုလည်း ရှိပါတယ်။ ကမ္ဘာမှာမြန်မာဟေ့လို့ ပြောလို့ရအောင် မြန်မာ့ယဉ်ကျေးမှုဟာ တိုင်းတပါးတွေနဲ့ မတူအောင် သိမ်မွေ့နူးညံ့လှ ပါတယ်။ မြန်မာအမျိုးသမီးတွေနဲ့ သိမ်မွေ့လှတဲ့အပြုအမူ၊ ဝတ်စားဆင်ယင်ပုံတွေဟာ ခုမှမဟုတ်ပါဘူး။ ဟိုးရှေးခေတ်ထဲက ရှိခဲ့ပါတယ်။ ကျွန်မကို ခင်တဲ့သူတွေက မေးကြပါတယ်။ မြန်မာပြည်ကို ချစ်တယ်နော်တဲ့။ […]