ဆူးDecember 22, 20101min1036
ညနေ ၅နာရီခွဲ စုရပ်မှာ လူဆုံကြပြီး ညနေစာ စားဖို့ ထမင်းဆိုင်ကို သွားပါတယ်။ စားတဲ့ ဆိုင်ကတော့ ယူနီဗာဆယ် စတူဒီယို ထဲမှာ ဖွင့်ထားတဲ့ ဆိုင်တဆိုင်ပါဘဲ။ အမှုမဲ့ အမှတ်မဲ့ ဆိုတော့ ဆိုင်နာမည်လည်း မမှတ်မိတော့ပါဘူး။ ဆိုင်မှာ စားသောက်ပြီး ခရီးသွား ဧည့်လမ်းညွန်က လူတွေကို လိုက်ပြောတယ် အိမ်သာဝင်ကြအုန်းနော်တဲ့ မျက်နှာ အတည်ပေါက်နဲ့.. ဘာမှတော့ မထင်မိပါဘူး သာမန်ပြောတယ်ဘဲ ထင်မိပါတယ်။ စိတ်ထဲမှာတော့ တော်တော် ဂရုစိုက်တာဘဲလို့ တွေးပြီး သဘောကျနေကြပါတယ်။ သူဘာလို့ လူတိုင်း အိမ်သာဝင်ဖို့ ပြောသလဲ ဆိုတာ အိမ်သာက ထွက်မှ သိကြပါတယ်။ ဟာသလေး တခုပေါ့။ အပျော်နောက်ထားတာလေး တခုပါ။ ဂျပန် လူနေမှု စနစ်ကတော့ ခေါက်ရိုးကျိုးနေတဲ့ စည်းကမ်း […]


ဆူးDecember 22, 20101min691
ယူနီဗာဆယ် စတူဒီယိုကို ရောက်ခဲ့ပါတယ်။ အပြင်လောကမှာ နေသူမဟုတ်တော့ မြင်မြင်သမျှ အသစ်အဆန်းတွေကြီးပါဘဲ။ အရာရာ လှပပြီး ဆွဲဆောင်မှု လည်း ရှိတယ်။ ကစားကွင်းရောက်တဲ့ အချိန်က ၂နာရီ ဝန်းကျင်လောက်ဖြစ်နေပြီး ညနေ ၅နာရီခွဲ ထမင်းစား ဘိုကင် တင်ထားတဲ့ အတွက် အချိန်သိပ်မရကြောင်း ခရီးသွားလမ်းညွန် အမျိုးသားက ပြောပါတယ်။ အထဲမှာလည်း အလံ ထောင်မရတော့ ဝင်ဝင်ချင်း သူက ကစားကွင်းမြေပုံနဲ့ ကစားသင့်တဲ့ နေရာတွေကို မြေပုံကို ထောက်ပြပြီး ပြောပါတယ်။ ထို့နောက် သူက အလံ ထောင်ပြီး စုရပ်ပြလို့ မရတဲ့ အတွက် သူရှိမဲ့ နေရာကို တခါတည်း ပြောပြထားပြီး ညနေ ၅နာရီခွဲ စုရပ်မှ ဆုံဖို့ ပြောထားတဲ့ အတွက် တနေရာစီ […]


ဆူးDecember 21, 20101min1459
တခါတုန်းကပေါ့ကွယ်.. ရွာပြင်ကို ဗဟုသုတ ရလို ရငြားဆိုပြီး ထွက်ခဲ့မိတယ်။ YGN – BKK – Osaka မြန်မာပြည် ထွက်ခွာချိန် ည ၆နာရီ အိုဆာက ရောက်ချိန်မှာတော့ ဒေသစံတော်ချိန် မနက် ရနာရီ ၁ဝမိနစ်ဖြစ်ပါတယ်။ အချိန်ကတော့ သင်္ကြန်အချိန် ခါသမယ ပိတ်ရက်ရတဲ့ အချိန်လေးပေါ့။ မြန်မာပြည် ရာသီဥတု ပူပူနေတာ အကျင့်ပါတော့ အအေးဒဏ်မခံနိုင်လေတော့ ဂျပန်ပြည်မှာ အအေးပေါ့တဲ့အချိန် လို့တော့ ပြောကြတာဘဲ။ အအေးပေါ့တဲ့ အချိန် ဒေသခံ ဌာနေ လူထုကတော့ အနွေးထည်တောင် မဝတ်ပေမဲ့ အပူပိုင်းဒေသ သူ ပီပီ အနွေးထည်လေးနဲ့ပေါ့။ ဒါပေမဲ့.. အအေးဆိုတာ အပြင်လောက ထွက်မှ အေးတာ.. အနွေးထည်တော့ သိပ်မလိုဘူး ဆိုပါတော့။ ရွာသူဆိုတော့.. […]