ဆူးJune 15, 20111min31222
တခါ ခရီးထွက်တုန်းက ဘုန်းကြီးကျောင်းမှာ အိပ်တော့ အိမ်သာနဲ့ ညအိပ်တဲ့ အဆောင်က ဝေးသကိုး.. မီးကလေးက မှိန်မှိန်.. လက်နိပ်ဓါတ်မီး အားကိုးနဲ့ အိမ်သာကို သွားရတယ်။ ဘုန်းကြီး ကျောင်းထဲမှာ ခွေးတွေ ရှိလို့ လိုက်ဆွဲမှာလည်း ကြောက်ရသေးတယ်။ ဝါးဆစ် တချောင်း လမ်းမှာ ကျနေတာ ကောက်ဆွဲပြီး သွားရတယ်။ ခွေးပါးတွေ ဒုတ်ပါတဲ့ လူ အနား ခွေးမလာရဲဘူး။ အိမ်သာ မှာတော့ မီးမှောင်မှောင် ရှိတာပေါ့။ အိမ်သာဘေးနားမှာ လယ်ကွင်းကြီးရှိတယ် သစ်ပင်တွေ ရှိတယ်။ အိမ်သာ နဲ့ အနီးဆုံး နေရာနားက သစ်ပင်က လေမတိုက်ပဲ လှုပ်နေတယ်။ လေတိုက်လို့ လှုပ်တာနဲ့ အတူ ကလောက် ကလောက် အသံ သဲ့သဲ့ ကြားရပါတယ်။ လေမတိုက်ပဲ […]