WowJuly 21, 20121min40628
အပိုင်း (၁) ဟီး…ဟီး…ဟီး… “နင်စဉ်းစားကြည့်ပါ” “အေးအေးစဉ်းစားမယ်…ဘာလဲပြော” ရီချင်စိတ်ကိုအသာမြိုသိပ်ရင်း မနော ပြန်ပြောလိုက်သည်။ ဂီမခေါ် ဂျီမကတော့မသိရှာ။ ရှိပေ့စေ… သူ့အရှိန်နဲ့သူ… ဟီး။ နေပါဦး မျက်နှာပိုးသတ်ထားမှ တော်ကြာသူအသဲကွဲနေတာကို စာနာစိတ်မရှိဘူး ရယ်လို့ ဂျီမတို့ သတိရတိုင်းတိုင်ပတ်လို့ ဆုံးမှာမဟုတ်။ သူမကျေနပ်ပြီဆို မမူးဘဲ စကားတစ်ခွန်းထဲကို အပ်ကြောင်းတွေထပ်ခါ ထပ်ခါ သူတော့မသိနားထောင်သူ ကတော့ ကြာတော့ ရူးချင်စိတ်ပေါက်လာသည်။ ဒင်းဒါကြောင့် ရုပ်လေးသနားကမား နဲ့ ကြိုက်တဲ့သူတိုင်းကထားခဲ့ပြီး အခုထိယောက်ကျားမရနိုင်တာ။ “ငါ့မှာတော့ မနက်မိုးလင်းလို့ မျက်စိနှစ်လုံးပွင့်ထဲက အော်သူတော့ ဘရိတ်ဖတ်စ် ကလေးဘယ်လိုစားမလဲဟဲ့ သူကဘာလေးကြိုက်တတ်တာ။ ရုံးရောက်တာနဲ့ သူရောက်နေပြီလား မရောက်သေးဘူးလား။ ဒီနေ့မျက်နှာမကောင်းဘူး။ ဒီနေ့တော့ ပျော်နေပုံရတယ်။ အဲလို အသေးစိတ် တစ်နေ့လုံးကို သူ့စိတ်ကိုဝင်ကြည့်ပေးနေ တာပါဟယ်။” “အင်း အဲဒါကြောင့်လဲ […]