တစ်ခါက ပို့စ်လေးတစ်ခုမှာ တွေ့ဖြစ်ပါတယ်။ အဲဒါက ဘာလဲဆိုတော့ ကိုယ် ပို့ချင်တဲ့ လူတစ်ယောက်ဆီကို ကိုယ်ပို့စေချင်တဲ့ လိပ်စာနဲ့ ပို့လို့ရတယ် နည်းလေးကို ဖတ်မိလိုက်ပါတယ်။ အမှတ်တမဲ့တော့ ကြောင်သွားပါတယ်။ နောက်မှ စဉ်းစားကြည့်မိတော့ တော်တော်လေး ဆိုးတဲ့ နည်းပဲလို့ တွေးမိပါတယ်။ ဒါကြောင့် ဒီပို့စ်လေးမှာ မဖော်ပြတော့ပါဘူး။ ဒါက ဟက်ကာပိုင်း ရောက်သွားလို့ပါ။ ပြောချင်တာက အဲဒီလို ကိုယ့်သူငယ်ချင်း လိပ်စာ ယောင်ဆောင်ပြီး လာတတ်တဲ့ အီးမေးလ်တွေကို မယုံမိစေဖို့ ဖြစ်ပါတယ်။ အဓိက ကတော့ ဘယ်အီးမေးလ် လိပ်စာက မဆို စကားဝှက် တောင်းလာပြီးဆိုရင် ကိုယ်သုံးနေတာက ဂျီးမေးလ် ဖြစ်နေလို့ ဂျီးမေးလ် အဖွဲ့ဆီကတောင် စကားဝှက်တောင်းရင် မပေးမိပါစေနဲ့။ အရေးကြီးဆုံးက အီးမေးလ်အကောင့်ပါ။ ကိုယ့်အီးမေးလ် အကောင့် အခိုးခံရရင် […]