“စာပေ” ၏ ဝိသေသနဖြစ်သော “ဂန္ထဝင်” ဟူသော ဝေါဟာရကို အဘိဓာန်များတွင် မည်သို့ ဖွင့်ဆိုထားကြောင်း လေ့လာကြည့်သောအခါ “ဂန္ထဝင်” သည် ပါဠိ “ဂန္ထ + ဝံသ” မှ ဆင်းသက်ကြောင်း၊ “ဂန္ထ” သည် “ကျမ်းဂန်” ဟု အဓိပ္ပါယ်ရ၍ “ဝံသ” သည် “အစဉ်” ဟု အဓိပ္ပါယ်ရကြောင်း ရှင်းလင်းပြီး “ဂန္ထဝင်” ကို “စာပေသမိုင်း၊ ကျမ်းဂန်သမိုင်း၊ သမိုင်းဝင်စာပေ” ဟူ၍ ဖွင့်ဆိုကြသည်ကို တွေ့ရပါသည်။ တစ်ဖန် “ဂန္ထဝင်” ကို “Classic” ဟူသော အနောက်တိုင်း စာပေဝေါဟာရ နှင့်လည်း သဘောတူ အဓိပ္ပါယ်တူ သုံးနှုန်းတတ်ကြသည်ကို တွေ့ရပါသည်။ “Classic” ကို “ဂန္ထဝင်စာပေ” ဟူ၍ လည်းကောင်း၊ “ဂန္ထဝင်မြောက်စာပေ” […]