ဒွါရဝတီ သံတွဲ ဗျာဒိတ်တော်ပေး စေတီရှိ ကျောက်စာထက်တွင် တွေ့ရသော သံတွဲသမိုင်း မဇ္ဈိမဒေသ ကဿဖ ဘုရားရှင်လက်ထက် ကောရပ္ပတိုင်းတွင်  မင်းစော အမည်ရှိမင်းလက်ထက်တွင် နဂါးညီနောင် ဖျက်စီးသဖြင့် ကောရပ္ပတိုင်း ပျက်စီးလေ၏။ ထိုမင်းသည် ဒွါရဝတီမြို့ဟောင်းနေရာတွင် မြို့တည်၍ ဒွါရဝတီမြို့အမည်ဖြင့် စိုးစုံတော်မူ၏.. ထိုမင်းစောမှ (၈)ဆက်မြောက်မင်းသည် ဘီလူမအား မိဖုရားမြှောက်မိ၍ သားတော် ၃ ပါး နှင့် သမီးတော် ၁ ပါး ဖွားမြင်၏.. ထို့နောက်မှ ဘီလူးမှန်းသိ၍ သားတော်အကြီးမှတပါး ကျန်သားတော်/သမီးတော်တို့ကို နန်းမှနှင်သဖြင့် ဒွါရဝတီမြို့၏ အရှေ့ဘက်ကမ်းခြေတွင် နေ၏ ခမည်းတော်နတ်ရွာစံ၍ သားတော်ကြီး မင်းဖြစ်သော အခါတွင် ဒွါရဝတီမြို့အား ညီတော် ဘီလူး ၂ ပါးနှင့် ညီမတော် ဘီလူးမတို့ စောင့်ရှောက်၏ မဇ္ဈိမတိုင်းမှ ညီနောင် တကျိပ်တို့က ဒွါရဝတီမြို့ကို လာရောက်တိုက်ခိုက်သော […]