moethidasoeJuly 11, 20111min19611
မှားတိုက်မိတယ် ဆိုတာ ဆရာဝန်ကြောင့်တော့ မဟုတ်ကြောင်း အရင်ဆုံး ရေးထားပါရစေ ငယ်ငယ်တုန်းက စကားပုံ ဝှက်ကြရင် ဆုတ်လဲစူး .. စားလဲ ရူး ဆိုတာ မှတ်ခဲ့ရဘူးမှာပေါ့နော် အဲဒီ ငယ်စဉ်ဘဝမှာပဲ မိဘ အလုပ်အပြောင်းအရွှေ့မှာ ဧရာဝတီ အနောက်ဖက် အတွင်းပိုင်းတစ်နေရာကို ရောက်ခဲ့တယ် .. အဲဒီမှာ ချောင်းဘေး ပေါက်နေတဲ့ ထူးထူးဆန်းဆန်း ဆူးချွန်တွေ ပါတဲ့ (တကယ့် ဆူး ကို ဆိုလိုတာပါ) အသီး သီးနေတဲ့ ခြုံပုတ်ဆန်ဆန် အပင်ကို တွေ့ပါတယ် .. ဆုတ်ရင် စူးတယ် ဆိုတာကို လက်ခံလိုက်ပါတယ် .. စားရင် ရူးတယ် ဆိုတာကို မကြုံခဲ့ဖူးဘူး .. ငယ်ငယ်တုန်းက ရေဒီယိုပဲ နားထောင်စရာရှိပြီး ကြည့်စရာဆိုတာ ရုပ်ရှင် […]