SonnyFebruary 3, 20121min28719
ငဆန်နီနှင့်ဘဝအလွဲများ(၁) ငဆန်နီကိုမွေးလာတော့သီတင်းကျွတ်လပြည်ကျော်တစ်ရက်ပါ။ အဲဒီမှာစလွဲတော့တာပါပဲ။မှောင်နေသောညမှာမွေးတာလို့အမေကတော့ပြောဖူးတာပါပဲ။ဲ ညမှောင်မှောင်မှာမွေးရင်ကန်းကုန်အောင်မိုက်တတ်တယ်လို့ တော့ပြောတာမှန်များနေမလားမသိဘူး အမှတ်(၅) ရဲစခန်းမှာ သင်္ကြန်မှာ အဒေါ်တစ်ယောက်ကိုအရက်မူးသမားက ရမ်းလို့ လိုက်ရိုက်လိုက်တာ အဖမ်းခံရဘူးတယ်။ ၄ ရက်လောက်အချူပ်ကြလိုက်ရတယ်။ ရုံးချိန်းရောဆို တော်တော်အီသွားတယ်။ ကိုယ့်ပေါင်ကိုလှန်ထောင်းရအုံးမယ်။ အဲဒါအဒေါ်က အမှုလိုုက်ခ ကို သူ့မောင်အရင်းအတွက်ပဲပေးသွားပြီး ငဆန်နီအတွက်တော့ ငဆန်နီဘာသာ ပေးလိုုက်ရတယ်။ လွဲမှလွဲဗျာ။ ကိုယ်မှန်သားနဲ့အဖမ်းခံလိုက်ရတာ။အဲဒါတစ်လွဲ။မိထ္ထီလာကိုထွက်ပြေးသေးတယ်။ မိထ္ထီလာက တပ်မ ၉၉ (လက်ဝှေ့နာမည်ကြီး)ကအသိဆီကိုထွက်ပြေးတာ အဲဒီမှာ လက်ဝှေ့သင်တာ ဆရာ က လေ့ကျင့်ရင်း ထိုးလိုက်တာ ရှေသွားပဲ့သွားဖူးတယ်။ အလွဲတစ်ခုပေါ့လေ။ ဇာတာနာမည်ကဘရှင်လို့ခေါ်ပါတယ်။အသေလေးမွေးတယ်လို့ထင်တာ ရှင်နေလို့တဲ့။အသက်ငါးနှစ်မပြည့်ခင်ကတည်းက ကျောင်းနေချင်တဲ့ ချင်ခြင်းတပ်ခဲ့ပါတယ်။ဦးလေးကကျောင်းအုပ်ဆိုတော့အသက်မပြည့်ပဲခွင့်ပြုခဲ့ပါတယ်။ ဦးလေးအားကိုးနဲ့အသက်ညာပြီးနေခဲ့တဲ့ကျောင်းပါ။ လွဲပြီပေါ့။ ဉာဏ်ရည်ကိန်းကနည်းနည်းရယ် သချာင်္ဆို အမြဲတန်း သုံညပဲ။ ၄တန်းတုံးက မေးခွန်းချပေး တာတောင်၄ဝပဲရခဲ့တယ်။သူငယ်တန်းလေးသူငယ်တန်းကြီးတက်ခဲ့ရတယ်။ကျောက်သင်ပုန်းနဲ့ကျောက် တံနဲ့စာရေးခဲ့ရတယ်။ ခဏခဏမှားတက်တဲ့ကောင် ငဆန်နီအတွက်ကတော့ ကျောက်သင်ပုန်းနဲ့ကျောက်တံနဲ့စာရေးခဲ့ရတာ […]