meengelayJune 9, 20111min1426
“ငန်းနဲ့ဘဲ” လှပတဲ့ ငန်းတစ်ကောင်က ပျံသန်းရင်း သန်မာတဲ့ ဘဲတစ်ကောင်ကို တွေ့တော့ ချက်ချင်းကြွေသွားတယ်။ ပုံစံမတူတဲ့ ဘဲကို တွေ့ပြီး ပြောမတက်အောင်ရင်ခုန်ခဲ့တယ်။ ငန်းရဲ့လှပတဲ့ စွဲဆောင်မှုကြောင့် ဘဲလဲချက်ချင်း ချစ်မိသွားတယ်။ သူတို့တွေ မြေပြင်မှာပဲ ပျော်မြူးနေကြတယ်။ ရေကန်ဘေးက ရွှံ့တွေကြောင့် ငန်းလေးက တနေ့တခြား ဖြူဖွေးတဲ့ အမွေးအတောင်လေးတွေညစ်ပတ်လာတယ်။ လှပတဲ့ ခြေထောက်တွေလဲ ရောင်ရမ်းလာတယ်။ ဒါနဲ့ ငန်းက မခံနိုင်လာတော့ ဘဲကို နင်ပျံသန်းနိုင်အောင်ကြိုးစားပါ လား ငါတို့ ကောင်းကင်ပေါ်မှာ ပျော်မြူးကြရအောင်။ ဘဲလဲ ငန်းအတွက် ပျံသန်းဖို့ကြိုးစားတယ်။ ဒါပေမဲ့ သူက ဘဲက ဘဲပါပဲ။ မပျံတက်ဘူး။ နောက်ဆုံးမဖြစ်နိုင်တော့မှန်းသိ တော့ ဘဲလေး စိတ်ပျက်အားငယ်ပြီး လက်လျော့လိုက်တယ်။ ဘဲက နင်ငါ့ကို ခေါ်ပြီး ပျံသန်းပါလား လို့ […]