– – – – – – – – – – – – – ဂျိတ်တော (ငပလီကမ်းခြေရဲ့ တောင်ဘက်စွန်း) မှာ မနက်ဖက် သွားရိုက်ထားတာပါ.. အဲဒီရွာတွေမှာ ညနေ ၄ နာရီ ၅ နာရီ လောက်ဆို ပင်လယ်ထဲ ငါးဖမ်း ထွက်ကြပါတယ်.. နောက်တစ်နေ့ မနက် ၅ နာရီ လောက်ကစပြီး အလျှိုလျို ပြန်ရောက်ကြပါတယ်.. ဖမ်းမိလာတဲ့ ငါးတွေကို နေမလှမ်းခင် ရောင်းလို့ရတဲ့ ငါးတွေ အရင် ရွေးကြပြီး ဈေးမှာ ရောင်းကြပါတယ်.. အဓိကရတာက ငနီတူ နဲ့ ဆာဒင်း ငါးတွေ ဖြစ်ပါတယ်.. ငါးအကြီးတွေကျတော့ စက်လှေ အကြီးစားတွေက ဖမ်းကြပါတယ်. ညဖက်ဆိုရင် ကမ်းခြေက ကြည့်ရင် ပင်လယ်ထဲမှာ မီးထွန်းပြီး ငါးဖမ်းနေတဲ့ လှေကလေးတွေကို တစ်စီတစ်တန်းကြီး တွေ့ရပါတယ်.. စရောက်တုံးက ဘာမီးတန်း ကြီးလဲမေးတာကို တစ်ယောက်က […]


– – – – – – – – – – – – ငပလီ beauty ပြောတာပါဗျို့.. သွားတဲ့ ရက်တွေထဲမှာ သုံးရက်က ပင်လယ်ထဲ တစ်ရက် က သံတွဲ သွားဖြစ်တာ မို့လို့ ကမ်းခြေကိုတော့ သိပ်မရိုက်လာခဲ့ ဖြစ်ပါဖူး.. ဒါကြောင့်ရှိတာလေးပဲ ကြွားလိုက်ရကြောင်းပါ       ငပလီကမ်းစပ်ကိုတော့ ညနေတိုင်းလိုလိုရောက်ဖြစ်ပါတယ်.. ဝင်သွားတဲ့ နေလုံးကြီးကိုကြည့်ပြီး ပုစွန် အစိမ်း သုတ်ကလေးနဲ့ ဘီယာလေး သောက်ရင်း လေညင်းခံ ရင်း  အမတ်မင်း. ကလုလင်.ကရဲစည်. ဦးကျောက်တို့ ကို သတိရလာတာနဲ့ ၃ ခွက်လစ်မစ်ထက် ပိုပြီးသောက်ခဲ့ပါသဗျို့….


– – – – – – – – – – – – ဒီနှစ် သင်္ကြန်မှာ တော့ ဆြာအုပ်တစ်ယောက်တော့ လောကုတ် အလုပ်မလုပ်ဖြစ်ပဲ အပျော်ကျူးလိုက်ဦးမယ် ဆိုပြီးသကာလ. လေဒီအုပ် သင်တန်းတွေနဲ့ မအားလပ်တာ ကို အခွင့် ကောင်းယူပြီး သကာလ  မြန်မာနိုင်ငံရဲ့ အနောက်တံခါး လို့ သမုတ်ကြတဲ့ ဒွာရာဝတီ သံတွဲပြည် က ကမ်းခြေညီညီ ငပလီကို တစ်ပွေတည်း ခြေဆန့်ခဲ့သည် တမုံ့.. ခရီးစဉ်ကတော့ မာတာမိခင်ကို ပုဂံကိုလိုက်ပို့ပြီး ညောင်ဦးကနေ အဲပုဂံ လေယာဉ်နဲ့ သံတွဲကို ထွက်ခဲ့ပါတယ်.. ညောင်ဦးကနေ အရင်ဆုံး ဟဲဟိုးကို ဝင်ပြီးမှ သံတွဲကို ခရီးထက်ဆက်ပါတယ်.. စုစုပေါင်း ၂ နာရီ လောက် အကြာမှာ သံတွဲကိုရောက်ပါတယ်.. သံတွဲလေဆိပ်ဟာ ငပလီကမ်းခြေ အစ လောက်မှာ တည်ရှိပါတယ်.. ငပလီကမ်း ခြေကတော့ […]