ကထူးဆန္းMarch 23, 20122min899
သူငယ်ချင်း ကိုပေရေ . မင်းတို့မိသားစု သင်္ကြန် မြန်မာပြည်ပြန်လာ လည်မယ်။ ငပလီမှာ သွားနေချင်တယ် ဆိုလို့ ဝမ်းသာပါတယ်ကွာ။ သင်္ကြန် package လေးတွေ မင်းစုံစမ်းပေးပါဆိုတာနဲ့ ငါလည်း ဘာဘဲလိုလို ရန်ကုန်လမ်းညွှန်ရှိတယ် ဆိုတာ မေ့ပြီ အင်တာမဲ ကြီးကနေဘဲ ခေတ်မီမီ ဝင်ရှာလိုက်တယ် သူငယ်ချင်းရေ။ မင်းကြည့်လို့ ရအောင်လည်း ဒီမှာလိပ်စာလေး တင်ပေးလိုက်တယ်ကွာ။ ဒီလိပ်စာကတော့ ငပလီက ဟိုတယ်တွေကို တည်းသွားတဲ့ ခရီးသည်များက ကြိုက်ရင် ကြိုက်တယ် မကြိုက်ရင် မကြိုက်ဘူးဆိုတာတွေ ရေးထားတာပေါ့ကွာ. http://www.tripadvisor.com/Hotels-g612368-Ngapali-Hotels.html သူငယ်ချင်းရေ ။ အဲ့ဒီ့မှာ စိတ်ဝင်စားစရာ တစ်ခု သွားတွေ့တယ်။Travelers’ Choice® 2012 Winner ဆိုတာလေး ။ ဒါကတော့ မင်းကိုငါပြောပြဘူးတဲ့ နိုင်ငံခြားကနေ တရားဝင် […]