Yin Nyine NwayAugust 29, 20101min7003
ဆေးလိပ်သောက်ခြင်းရဲ ့မျက်ဝါးထင်ထင်ဆိုးကျိုးများ အသက် ၁ရ နှစ်မတိုင်ခင်ကတည်းက ဆေးလိပ်စသောက်သူတွေဟာ Multiple Sclerosis(MS) ရောဂါဖြစ်ဖို ့ အခွင့်အလမ်းအရမ်းများတယ်လို ့အမေရိကန်ဦးနှောက်နဲ ့အာရုံကြောအကယ်ဒမီရဲ ့ ၆၁ ကြိမ်မြောက် နှစ်ပတ်လည်ညီလာခံက အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ ဒီ MS ရောဂါဟာ လူငယ်တွေနဲ ့လူလတ်ပိုင်းတွေမှာ ပိုအဖြစ်များတဲ့ နာတာရှည်အာရုံကြောထိခိုက်တဲ့ရော ဂါတစ်မျိုးပါ။ ကျောရိုးအာရုံကြောမကြီးနဲ ့ ဦးနှောက်မှာ ဖုံးအုပ်ထားတဲ့ myelin sheath လို ့ခေါ်တဲ့ အဆီလွှာလေးပျက်စီးပြီး အာရုံကြောတွေအလုပ်ကောင်းကောင်းမလုပ်နိုင်တော့တဲ့ ရောဂါဖြစ်ပါတယ်။ အာရုံကြောစနစ်ရဲ ့နေရာစုံမှာ ထိခိုက်တဲ့အတွက် ရောဂါလက္ခဏာတွေကလည်းအမျိုးစုံပြီးပြင်းထန်ပါတယ်။ လမ်းလျှောက်ရင်ပုံပျက်နေခြင်း၊ခြေတွေလက်တွေတဆတ်ဆတ်တုန်နေခြင်း၊ မျက်လုံးအကြောသေခြင်း၊ စကားမပီမသဖြစ်လာခြင်း၊ကြွက်သားများအားနည်းခြင်း၊အမြင်အာရုံကြောယောင်ရမ်းခြင်း စတဲ ့ရှုပ်ထွေးတဲ့ လက္ခဏာတွေခံစားရတတ်တဲ့ ရောဂါမျိုးဖြစ်လို ့ကြောက်စရာကောင်းပါတယ်။ ဒီရောဂါရဲ ့အကြောင်းရင်းကို ရှေးယခင်က သေချာစွာ မဆုံးဖြတ်နိုင်ခဲ့ပေမယ့် လူ […]