ဆူးMay 18, 20121min28256
ဒီခရီးစဉ်ကိုတော့ မလေးရှားနိုင်ငံ ပီနန်မြို့တော်က Teong Guan Association နဲ့ ပြည်နယ်အစိုးရတို့ ပူးပေါင်းစီစဉ်ခဲ့ကြတာဖြစ်ပါသတဲ့..။ ရွှေပြည်ကြီးက အမျိုးတွေ နတ်ပူးတာလောက်တော့ အပျော့ပေါ့ လို့ ဆိုရမယ့် ကိန်းပါပဲ..။ ဒါပေမယ့် သူတစ်ပါးရဲ့ ဘာသာရေးကိစ္စမို့ မှတ်ချက်မပေးဘဲ သတင်းလေးပဲ ဖောက်သည်ချလိုက်ရပါစေ..။ ဒီခရီးစဉ်မှာ လူပေါင်း ၅၄ ဦးလိုက်ခဲ့ကြတာပါ..။ အဖွဲ့ခေါင်းဆောင်ကတော့ ဝိဉာဉ်ရေးရာနဲ့ ပတ်သက်လို့ နှစ်ပေါင်း ၂၈ နှစ်အတွေ့အကြုံရှိပြီး တိဘက်ဗုဒ္ဓဘာသာ၊ တာအိုဝါဒနဲ့ နိမိတ်ဖတ်ခြင်းများကို လေ့လာဆည်းပူးထားသူ ရှဲ့ပေးကွမ်ယင်စင်တာက ဆရာတော် Kek Eng Seng ဖြစ်ပါသတဲ့..။ ဒီခရီးစဉ်လိုက်ပါမယ့်သူအားလုံးဟာ ဖယောင်တိုင်နဲ့ ဆုတောင်းစာစက္ကူတွေ မီးရှို့လို့ ထွက်ပေါ်လာတဲ့ အလင်းလေးသာ ရှိတဲ့ အမှောင်ခန်းမ (ရွက်ဖျင်တဲ) ကြီးတစ်ခုထဲမှာ အဖြူရောင်ဝတ်စုံကိုယ်စီ ဝတ်ဆင်ကာ ရွေ့လျားခြင်းမရှိဘဲ […]