winkyawaungOctober 30, 20101min1286
ငါ..အရာရာကို ဘာကိုမျှ မကျေနပ် ဘာကိုမျှ အလိုမပြည့် ဟိုနေရာစပ်စပ် ဒီနေရာစပ်စပ် ငါသိ ငါတတ် ဆရာကြီး..။ ဒါပေမဲ့ အသိပညာတွေကိုလည်း ထဲထဲဝင်ဝင် မရှိ… အတတ်ပညာတွေကိုလည်း ဇဝေ ဇဝါ.ဝိုးတိုးဝါးတား ဗေဒင်ဆရာရဲ့ ပါးစပ်မှာ လမ်းဆုံးထား..။ နိုင်ငံရေးနဲ့ စီးပွားရေးလောကမှာ.. ဘာသာရေး အသိုင်းအဝိုင်းမှာ.. လူမူရေးနယ်ပယ်မှာ.. သတင်း၊နည်းပညာကွန်ယက်မှာ.. အနုပညာအစုံ ရေလျင်ကြောမှာ.. ဆရာကြီး၊ ဆရာကြီးပါ….။ ဪ..ငါ..ငါ.. လူတွေက မသိကြလို့သာ.. ယခု သေခင်း သေဝရောက်တော့မှ ငါ..စဉ်းစားမိပါတယ်.. အမှန်တကယ် ထဲထဲဝင်ဝင် မြင်နေရတာ..အပါယ်ငရဲပါ..တကား။ (သူများ အရေးထက် ကိုယ့်အရေးကိုယ်သာ အားထုတ်နိုင်ကြပါစေ…) ကိုယ်တိုင်ရေး ကဗျာ (နောင်တ)