herostarJune 6, 20102min690
အချစ်နတ် ဖမ်းစားခံ နေရသလားမသိပါဘူး။ အချစ်အကြောင်းပဲ တွေးနေမိတယ်။ နတ်ကတော်တွေ နတ်ပင့်သလို ၃ရ မင်း ဝင်ချင်တဲ့နတ်ဝင်ဆိုပြီး ပင့်ခဲ့တာမဟုတ်ပါ။ မပင့်ရ၊ မဖိတ်ရပါဘဲ စိတ်ထဲကို အလိုလိုနေရာယူ လာခဲ့တာကတော့ အချစ်နတ် ပေါ့။ အချစ်နတ်ပူးလာကတည်းက တနေ့တနေ့ ချစ်စကားတွေနဲ့ ချစ်ကဗျာတွေပဲ ဒလဟော ထွက်နေတော့တယ်။ ဘယ်နှစ်က ထုတ်ထုတ် မဖတ်ရသေးရင် စာအုပ်မှန်သမျှဟာ အသစ်ပဲလေ။ ကျွန်တော့်ရင်ထဲက အချစ်တွေကိုလည်း ၃ဝ နားနီးမှ ထုတ်ဝေဖြစ်ခဲ့တယ်။ အလားတူစာအုပ်တွေကို ဖတ်ခဲ့ဖူးတဲ့ သူမအတွက်တော့ သိပ်မထူးဆန်းလောက်ပေမဲ့ ကျွန်တော့် ဘဝမှာတော့ ပထမဆုံး ထုတ်ဝေခြင်း ဖြစ်တဲ့အတွက် သူမအတွက် အသစ်စက်စက် စာတစ်အုပ် ဖြစ်ချင်ခဲ့တယ်။ ချစ်ခြင်းရဲ့ နောက်ကပါလာတတ်တဲ့ စိတ်ကောက်ခြင်းတွေနဲ့ အနိုင်ယူလို စိတ်တွေအပေါ်မှာ ဘယ်လို တုံ့ပြန်မှုပေးရမယ်ဆိုတဲ့ ဗဟုသုတ […]