moonpoemSeptember 30, 20111min19330
(မန္တလေးတိုင်း ဒေသကြီး မြင်းခြံခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပျဉ်းမကန် ကျေးရွာအနီး ပဲစင်းငုံစိုက်ခင်း အတွင်း စက်တင်ဘာလ ၂၈ ရက် ညနေ ၆ နာရီအချိန်ခန့်က နိုင်ငံခြားသူ အမျိုးသမီးတစ်ဦး မေ့မြောနေကြောင်း သတင်းအရ ကျောက်ပန်းတောင်း သုဂတိရှင်နာရေး ကူညီမှုအသင်းမှ မော်တော်ယာဉ်ဖြင့် သွားရောက်ခေါ်ဆောင်၍ ကျောက်ပန်းတောင်း ဆေးရုံသို့ပို့စဉ် နိုင်ငံခြားသူ အမျိုးသမီးမှာ သေဆုံးသွားခဲ့ကြောင်း သတင်းရရှိပါသည်။ အဆိုပါ သေဆုံးသွားသူ နိုင်ငံခြားသူမှာ ဂျပန်လူမျိုး မစ္စရှီရာမတ်စု ချီဟာရုဆိုသူဖြစ်ပြီး အသက် ၃ဝ ဝန်းကျင် ဖြစ်ကြောင်း၊ စက်တင်ဘာလ ၂ရ ရက်နေ့ ညနေပိုင်းက ပုဂံ-ညောင်ဦး မြို့သို့လေယာဉ်ဖြင့် ရောက်ရှိခဲ့ပြီး ညောင်ဦးမြို့ရှိ တည်းခိုခန်းတစ်ခု တွင် တည်းခိုနေသူဖြစ်ကြောင်း သိရသည်။ အဆိုပါ ဂျပန်အမျိုးသမီး သည် အခင်းဖြစ်နေ့ […]