Yin Nyine NwayFebruary 9, 20111min14110
“ခံရခက်လိုက်တာကွာ” လူအတော်များများ ခံရခက်နေကြလေရဲ့။ အကြောင်းအမျိုးမျိုးကြောင့် ခံရခက်နေကြသပေါ့။ ရွေးကောက်ပွဲမှာ ဖွတ်+ကြံ့က ကြိုတင်မဲနဲ့ အဓမ္မအနိူင်သွားလို့ ရွေးကောက်ပွဲဝင် ဒီမိုပါတီတွေနဲ့ အဲဒီပါတီတွေကို မဲပေးမိသူ ပြည်သူလူထုတစ်ရပ်လုံးကလည်း ခံရခက်နေကြတယ်။ စိတ်ပိုင်းဆိုင်ရာ ခံရခက်မှုတွေနဲ့အတူ အံတကျိတ်ကျိတ်နဲ့ပေါ့။ အစော်ကားခံရတာကိုး။ ဟိုလူက စောင်းလို့၊ ဒီလူကရွဲ့လို့ အခံရခက်နေရှာတဲ့ လူတွေလည်း မနည်းမနောပေပဲ။ ဒီလိုနဲ့ စိတ်ထဲမှာ ပြန်တွယ်ချင်ပေမဲ့ အခွင့်မသာလို့ ခိုးလိုးခုဖြစ်နေရရှာတဲ့ ခံရခက်မှုက တစ်မျိုး။ တစ်ခါတလေ ဘွတ်ဖိနပ်စီးပြီး လမ်းသွားရင် ဖိနပ်ကြားထဲ ခဲလုံးသေးသေးလေးတွေ တစ်လုံးစ နှစ်လုံးဝင်တတ်သေးရဲ့။ အဲလိုဖြစ်ပြီဆိုရင် လမ်းသွားရတာ အတော့်ကို ကသိကအောင့်နိုင်တာကလား။ လူကြား သူကြားထဲဆို အသာဆိုးသေးဗျာ။ ဆက်သွားဖို့လည်းခက်ခက်၊ ဖိနပ်ချွတ်ဖို့လည်းခက်ခက်နဲ့။ မသိမသာ မှေးပြီးလမ်းလျှောက်နေရတယ်။ ခြေထောက်က မျက်တဲ့မျက်တဲ့နဲ့ဆိုတော့ လမ်းသွားရတာ သိပ်မဖြောင့်ချင်ဘူး၊ ဟုတ်စ။ […]