ဆူးDecember 8, 20101min1388
ဦးကြောင်ကြီး မေးထားတဲ့ ငါးခေါင်းဟင်းချို ချက်နည်းကတော့ အင်မတန် လွယ်ပါတယ်။ အခု ချက်စားတာ မဟုတ်တဲ့ အတွက် စာဘဲ ရေးပေးလိုက်တယ်။ ချက်ကြည့်လိုက်ပါ စားလို့ ကောင်းမှာ သေချာပါတယ်။ မနေ့က ငါးမွေ တင်လိုက်တော့ ငါးမွေလို့ ဖယ်ထားတဲ့ ငါးခေါင်းနဲ့ ငါးအလယ်ရိုး ငါးဆူးတောင် အရိုးတွေ ဟင်းတခွက် အဖြစ် အသုံးကျအောင် ပြုလုပ်ပါမည်။ ပထမဦးစွာ ကြက်သွန် အဖြူ အနည်းငယ် ဂျင်း ဆီ လိုအပ်ပါတယ်။ ကြက်သွန်အဖြူကို ပးါပါးလှီးထားပါ။ ဂျင်း အနည်းငယ်ကိုလည်း နုတ်နုတ်ဆင်းထားပါ။ ဒယ်အိုးထဲမှာ ဆီ အနည်းငယ်ထည့်ပြီး ကြက်သွန်အဖြူ နဲ့ ဂျင်း မွေးတဲ့ အထိ ဆီသတ်ပြီး မွေးလာပြီ ဆိုလျှင် ငါးခေါင်း အရိုးတွေ စုပေါင်းပြီး […]