Ma EiNovember 1, 20121min43839
သချင်္ာနည်းနဲ့  ငါးပေါင်းကြော် .…   …ဒီငါးကလေးတွေကို မေမေတို့ ငါးပေါင်းကြော်လုပ်စားကြမယ်လေ… …ငါးပိစိ ကလေးတွေ အရိုးကသေးသေးလေးများ ပေါင်းဘို့မလိုပါဘူးမေမေရယ်၊ ဒီတိုင်းကြော်လိုက်ပါ… …အမ်..မပေါင်းပါဘူး သမီးရဲ့ မုန့်နှစ်နဲ့ ကြော်မှာကိုပြောတာ… …ဟိုနေ့က ငါးကြတော့ ပေါင်းတာလေ…ခုရော ပေါင်းပြီးမှ ကြော်မှာလား… …အော်..အဲ့နေ့က ငါးက ငါးသလောက်ပေါင်းစားတာ..ဟင်းချက်နည်းနဲ့ ပေါင်းတာ၊ ခုငါးလေးတွေက သချင်္ာနည်းနဲ့ တစ်ကောင်၊နှစ်ကောင် အများကြီးပေါင်းကြော်မှာ သိပြီလား ခလေးလေး… …ဒီလိုလား..မြန်မြန်ကြော်နော်.. သမီးလေးနဲ့ ကျမ အခေါ်အဝေါ် ကိစ္စရှင်းပြီးမှဘဲ ငါးပေါင်းကြော် စကြော်ရပါတော့တယ်… ငါးကလေးတွေကို ရွှေလိပ်ပြာ အကြော်မှုန့် နဲ့ နယ်ပြီး ပန်းကန်ပြားလေးနဲ့ အနေတော်ထည့်ထားလိုက်ပါတယ်… ဆီဆူလာရင် ပန်းကန်ပြား အချပ်လေးအတိုင်း အလိုက်သင့် လောင်းထည့်လိုက်ရုံပါဘဲ… ရွှေညိုရောင်လေးသမ်းလာရင် အိုးထဲကဆယ်လို့ အလှဆင်ပြီးစားလို့ရပြီပေါ့နော်… ကဲ..အန်တီမအိရဲ့ သင်္ချာနည်းနဲ့ […]