နွယ်ပင်March 22, 20122min74236
ငါးကိုဆားဆနွင်းနယ်ထားတာပါ သရက်သီးလေးကို ဒီလိုလေး ပါးပါးလှီးတယ် တစ်နေ့တစ်နေ့ အိမ်ရှင်မတစ်ယောက်ရဲ့ တာဝန်ကလည်း မသေးဘူး ချက်ရပြုတ်ရ လျှော်ရဖွတ်ရနဲ့ ဟင်းတွေကလည်း နေ့တိုင်းချက်နေရတော့ ဘာချက်ရမှန်းကို မသိတော့ဘူး အပြောင်းအလဲ လေးလဲဖြစ်အောင်နေ့တိုင်းစားနေရတာနဲ့ မတူအောင် တစ်မျိုးလေးစမ်းချက်ကြည့်မယ်ဆိုတော့ ဒီတစ်ပတ်ထုတ် 7 day journal ထဲက ငါးဟင်းလေးချက်ကြည့်မလား စိတ်ကူးမိတယ် ။အခုဟာ ရာသီဥတုကလည်း ပူလာတော့ သိပ်အီတာမျိုးမဟုတ်ဘဲ ငါးကို ချဉ်စပ်လေး ချက်စားဖြစ်တယ် ။ အရင်ဆုံး ငါးကိုဆားဆနွင်းနယ်ပြီး နပ်ထားတုန်း သရက်သီးစိမ်း ခပ်ရွယ်ရွယ်တစ်လုံးကို ခပ်ပါးပါးလေးလှီးထားပါတယ် .ပြီးရင် ကြက်သွန်ဖြူနီကိုဆီသတ် ငပိစိမ်းစားလေး နည်းနည်းပါထည့်ပြီး သတ်ပါတယ် ဆီသတ်တာ ရလောက်ပြီဆို ခုနကလှီးထားတဲ့ သရက်သီးစိမ်းလေးကို ထည့်ပြီး သရက်သီးနွမ်းသွားပြီဆို ဆားဆနွင်းနယ်ထားတဲ့ ငါးကိုထည့် ရေအနည်းငယ်ထည့်ပြီးဆူအောင်တည်ပါတယ် ။ ဟင်းအိုးကဆူပြီဆိုရင်တော့ […]