ငွက္ကေလးApril 8, 20131min27716
ဒီနေ့အပြင်သွားစရာရှိသည်။ ရေချိုးပြီး အဝတ်အစားလဲရန် ဗီရိုကိုဖွင့်လိုက်သည်။ `အင်း၊ ဘာအင်္ကျ ီဝတ်ရပါ့´ ရွေးချယ်စရာ အင်္ကျ ီ နှစ်ထည်၊ သုံးထည်ရှိနေသည်။ `ဒီအဖြူလေးပဲဝတ်လိုက်တော့မယ်၊ အသားလည်းအေးတယ်၊ ဘောင်းဘီ အမဲနဲ့ လိုက်မယ်´ ….. တံခါးဝအရောက်စဉ်းစားပြန်သည်၊ `ဘာဖိနပ်ဝတ်ရမလဲ ??´ ကတ္တီပါဖိနပ်တစ်ရံ နှင့် တရုတ်ဖြစ် ခြေညှပ်ဖိနပ် တစ်ရံ ရှိနေသည်။ `ဒီရိုးရိုးခြေညှပ်လေးပဲကောင်းပါတယ်၊ ကတ္တီပါက ခြေဆီထွက်ရင် နံတတ်တယ်´ တစ်ခါတစ်ရံ ရွေးချယ်စရာများက ကျွန်တော်တို့၏ ဆုံးဖြတ်ချက်ကို အခိုက်အတန့် တွေဝေစေသည်။ ရွေးချယ်စရာများရှိခြင်းက အကောင်းဆုံးကို ရွေးချယ်နိုင်မည့် အခွင့်အရေးဖြစ်သော်လည်း၊ ကျွန်တော်တို့ ရရှိသည့် ရွေးစရာတွေထဲမှာ အကောင်းဆုံးတွေပါချင်မှလည်းပါနိုင်သည်။ ဒီတော့ ရှိတဲ့အထဲက သင့်တာလေး ရွေးလိုက်ရသည့် သဘောလည်းဖြစ်နိုင်သည်။ ကိုယ်ကိုယ်တိုင် ရွေးချယ်လိုက်ရသည်ဆိုတိုင်း အကောင်းဆုံးတွေ ဟုတ်ချင်မှလည်း ဟုတ်လိမ့်မည်။ […]


ငွက္ကေလးMarch 25, 20131min2118
ကမာ္ဘတစ်ဝှမ်းလုံးတွင် ညို့မှိုင်း၍အုံ့ဆိုင်းနေသည်။ နေရာအနှံ့အပြားတွင်မီးခိုးလုံးများက အင် နှင့်အားနှင့်အုံကြွနေကြသည်။ တောမီးများကလည်း အကြီးအကျယ်လောင်မြိုက်နေပြန်သည်။ လမ်းမထက်တွင်တိရိစာ္ဆန်အလောင်းနှင့် လူသေအလောင်းတို့က ရောနှောပြန့်ကြဲနေသည်။ လေယာဉ်တို့ကဗုံးများကို အဆက်မပြတ်ကျဲချနေသည်၏။ အော်ဟစ်ငိုယိုသံ၊ ပေါက်ကွဲသံနှင့် လေယာဉ်သံတဝီဝီတို့က ကမာ္ဘတစ်ခွင်လုံး သောသောညံ နေသည်။ ရေကန်များ၊ ချောင်းများ ခမ်းခြောက်နေသလို၊ သစ်ပင်၊ ပန်းပင်တို့က လွန်စွာရင့်ရော ညိူးနွမ်းလှသည်။ အဝီစိငရဲ တစ်ခုလုံးလူ့ပြည်ပေါ်သို့ ပြောင်းရွှေ့နေရာယူနေသယောင် ကမာ္ဘတစ်ခွင်လုံးပွက်ပွက်ဆူနေ၏။ လမ်းကြားတစ်ခုအတွင်း ဗလတောင့်တောင့် လူတစ်ယောက်က လူငယ်လေးတစ်ဦးအား ထိုးကြိတ်နေသည်။ ထိုလူငယ် ၏မျက်နှာမှာနီရဲစုတ်ပြတ်နေသည်။သူ၏လက်ထဲတွင် ထမင်းထုပ်တစ်ထုပ် ကိုကျစ်ကျစ်ပါ အောင်ဆုပ်ကိုင်ထားသည်။ အနိုင်ကျင့်နေသော်လူကြီးက ထမင်းထုပ်ကိုအတင်းလုယူနေ၏။ “ဟေ့ကောင်၊ မင်းလက်ထဲကထမင်းထုပ်ပေးစမ်း” “မလုပ်ပါနဲ့ဗျာ၊ ကျွန်တော့်အမေကိုကျွေးဖို့ ရှားရှားပါးပါးရှာထားရတာပါ၊ မလုပ်ပါနဲ့” “ဟာကွာ၊ စကားများလိုက်တာ မင်းကသားလိမ္မာလေးဖြစ်ချင်နေတယ် ဟလား၊ ဒါဆိုငါ့ကို              မင်းအဖေလို့သဘောထားလိုက်ကွာ၊ ကဲပေးစမ်း” “မပေးဘူးဗျာ” […]


ငွက္ကေလးJune 4, 20121min43621
သူတို့သည် အမှိုက်ကောက်သမား ကောင်လေးနှင့် သူ၏အဖော် ဦးလေးကြီးတစ်ယောက်ဖြစ်သည်။ ××××× ညမှောင်ပြီး လမသာသော နေ့တစ်နေ့.. လမ်းမီးတိုင်အောက်ရှိ ပလပ်ဖောင်းပေါ်တွင်ထိုင်ကာ သူတို့စကားပြောနေကြသည်။ “လောကမှာ ကျွန်တော်အမုန်းဆုံးက ဘာလဲသိလား ဦးလေး” “အောင်မယ် ကြီးကြီးကျယ်ကျယ် ဘာတုန်း မင်းမုန်းတာက၊ အမှိုက်ပုံနားက ကြွက်တွေလား၊ ညစ်စုတ်စုတ် အနံ့ဆိုးတွေလား” “တစ်ခုမှမဟုတ်ဘူး၊ ကျွန်တော်မုန်းတာက ပိုက်ဆံဗျ၊ ပိုက်ဆံ” “ကြီးကျယ်လှချည်လားကွ၊ ငါတို့မှာတော့ ဒီပိုက်ဆံကို ကုန်းရုန်းရှာနေရတာ နေ့မအား ညမအားပဲ၊ နင့်မေကလွှား၊ မင်းကမုန်းတယ်ဆိုတော့၊ ထူးထူးဆန်းဆန်းပါလားကွ” ဘတ်စ်ကားတစ်စီးဆိုက်လာသည်… “တပ်ထိပ်၊ စက်မှု့ဇုန်၊ … ဘီအိုစီ၊ သမကုန်း၊ အဝေးပြေးသွားမှာလာ၊ ရောက်တယ်လာ” “ကျွန်တော်မုန်းတာ အဲ့ဒါတွေကြောင့်ပဲဗျ၊ လောကမှာပိုက်ဆံဆိုတာကြီးသာမရှိရင် ဘယ်သူမှ ပင်ပင်ပန်းပန်း အလုပ်လုပ်ရတော့မှာမဟုတ်ဘူး၊ ကိုယ့်အိမ်ကိုယ်နေ ကိုယ့်ထမင်းကိုယ်စား၊ သာသာယာယာပဲ” “ပိုက်ဆံမရှိမှတော့ […]