bigbirdJuly 14, 20111min1359
၁၉ဇူလိုင် မျက်ရည်ဖြိုင်သွန်း ဇူလိုင်မိုးဖွဲ ဒို့အသည်းခွဲခဲ့ပေါ့။ သူတို့တွေမို့ မရှက် ကျေးဇူးတရားမသိတက်စွာနဲ့ ၁၉ ကိုဖျက်လို့ သမိုင်းကို တက်နင်းဖို့ ဒင်းတို့ကြိုးစားခဲ့ကြပေါ့။ ဗိုလ်ချုပ်ပုံတွေ ရုံးပေါ်ကဆွဲထုတ် အမှိုက်လုပ်မယ်လို့ ဒင်းတို့အားထုတ်ခဲ့ကြပေါ့။ ငွေသားပေါ်တံဆိပ်နှိပ် ဗိုလ်ချုပ်ရဲ့ဝင့်ကြွားပုံရိပ်ကို တိရစာ္ဆန်နဲ့ အစားထိုး ဒင်းတို့ရှေ့တိုးခဲ့ကြပေါ့။ ဗိုလ်ချုပ်ပြတိုက် အမှိုက်ဗလပွနဲ့ ခြ တွေကိုက်လောက်အောင် သံတံခါးခတ်ထား ဒင်းတို့ရမ်းကားခဲ့ကြပေါ့။ မှန်လှတဲ့မိန့်ခွန်း နောင်ရေးကို မီးမောင်းထိုးတဲ့ ဗိုလ်ချုပ်ရဲ့စကား ဒင်းတို့ နားခါးခဲ့ကြပေါ့။ နှစ်လကြာရှည် မေ့မရပါလေ… အာဇာနည်သီးချင်းသံ ရေဒီယိုမှာပါ မကျန်ရလေအောင် ဒင်းတို့ကြံဆောင်ခဲ့ကြပေါ့။ ဒါပေမယ့် ဒို့တွေအသည်း ဆေးမှင်ကြောင်စွဲလောက်အောင် ထင်းထင်းကျန်နေစဲမို့ ဘာဆေးနဲ့ဖျက်မလဲ မြဲခိုင်ကာ မယိုင်လဲ ဒို့တွေရဲ့ အသည်းကို ဆွဲထုတ်ကာယူသွား စုပုံလို့ထားလဲ ညီညာကာစုစီး ထီးထီးကြီး မြင်စေသား ဒို့ဗိုလ်ချုပ်ရဲ့ပုံရိပ်များ။ (ငှက်ကြီး […]