ကို ၿပံဳးMarch 24, 20133min3082
နဂါးဦးနှောက်အတွင်းသို့ ဖောက်ထွင်းဝင်ရောက်ခြင်း (အပိုင်း-၁) အား ပြန်လည်ဖတ်ရှု့ရန် SSPP/SSA အဖွဲ့ တပ်မတော်နှင့် ဝမ်ဟိုင်းဒေသတွင် တိုက်ပွဲများဖြစ်ပွားခဲ့စဉ်အတွင်း ခေါင်းဆောင်ဖြစ်သူ ပန်ဖနှင့် ခေါင်းဆောင်ပိုင်းအများစု ပန်ဆန်းသို့ သွားရောက်တိမ်းရှောင်ခဲ့ရဖူးသည်။ အပြန်အလှန်အကျိုးစီးပွားများ အတွက် ညှိနှိုင်းမှုများဆောင်ရွက်ခဲ့သည်။ ဝမ်ဟိုင်း၏နောက်ပေါက်မှတစ်ဆင့် ပန်ဆန်းသို့ဆက်သွယ်ရေးလမ်းထွင် ထားသည်။ ပန်ဆန်း၏ ရှေ့ကာအဖြစ်နေပေးမည်။ လိုအပ်သည်များထောက်ပံ့ကူညီပါရန် ညှိနှိုင်းသဘောတူထား သည်။ ဝမ်ဟိုင်းဒေသသည် မြန်မာနိုင်ငံအတွင်းပိုင်းသို့ ရောက်ရှိနေခြင်းကြောင့် မြန်မာ့တပ်မတော်၏ အချိန်မရွေး ချေမှုန်းခြင်းခံရနိုင်ကြောင်း သုံးသပ်လျက် “ ဝ ” တပ်ဖွဲ့နှင့် စစ်ရေးမဟာမိတ်ပြုကာ အားကိုးရှာထားခြင်းလည်း ဖြစ်သည်။ SSPP/SSA တပ်ဖွဲ့ဝင်များ လူ၊ လက်နက်တိုးပွားလာမှုကစဉ်းစားစရာဖြစ်သည် KIO/KIA အဖွဲ့   ဝမ်ပေါင်အိပ်မက်ရှည်ကို မက်ဆဲဖြစ်သည်။ ဗိုလ်ချုပ်ဂွမ်မော်က ဖေဖော်ဝါရီလ ၄ ရက်နေ့၊ ရွှေလီဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးစကားကို […]


bigbirdJanuary 11, 20122min33219
တရုတ်နိုင်ငံပင်လယ်ကမ်းခြေတစ်ခုက သဲသောင်ပြင်ပေါ်မှာ မိန်းမလှလေးတစ်စုဟာ ရေကူးဝတ်စုံsexy လေးတွေဝတ်ဆင်ထားပြီး ရေလာကစားကြတယ်လို့တော့မထင်လိုက် ကြပါနဲ့နော်။ အမျိုးသမီးဘော်ဒီကတ်တွေ ဖြစ်ဖို့အတွက် ကြမ်းတမ်းခက်ခဲတဲ့ဒီသင်တန်းကို လာရောက်ကြခြင်းပါပဲ။ ထိုအမျိုးသမီးအယောက်၂ဝတို့ဟာ သင်တန်းဆရာရဲ့ကန်ခြင်း၊ထုထောင်းခြင်း အစရှိသောပုံတွင်ပါရှိကြသညိ့အတိုင်းပြင်းထန်သောလေ့ကျင့်ခန်းများကိုလေ့ကျင့်ကြရပါတယ်။ အရည်အချင်းပြည့်ဝတဲ့သင်တန်းဆရာများရဲ့ လက်တွေ့သင်တန်းလေ့ကျင့်မှုကို တစ်လ ကြာ သင်ကြားကြရပါတယ်။ နူးညံ့အားနွဲ့တဲ့ မိန်းခလေးများအဖြစ်မှ သန်မာအားကောင်းတဲ့ မိန်းခလေးများဖြစ်လာအောင် အပင်ပန်းကြမ်းတမ်းခံသင်ကြားကြရပါတယ်။ အဆိုပါလက်တွေ့သင်တန်းတက်ရောက်နိုင်ဖို့အတွက် အရည်အချင်းကို ၁ဝလကြာ စောင့်ကြည့်လေ့လာစစ်ဆေးပြီးမှ တက်ရောက်ခွင့်ရကြတာလဲ ဖြစ်ပါတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ သဌေးကြီးတွေမှာ မိမိတို့ရဲ့အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ဖို့အတွက်ကိုယ်ရံတော်တွေလိုအပ်လာမှာသေချာပါတယ်။ ဒီထဲမှာ အမျိုးသမီးကိုယ်ရံတော်တွေက ဈေးကောင်းပိုပြီးရကြတယ်လို့ဆိုပါတယ်။ သူတို့တွေဟာ နေရာ၊အချိန်ခါ၊အခြေအနေနဲ့လျှော်ညီအောင် ပုံသဏ္ဍန်အမျိုးမျိုးပြောင်းလဲနိုင်ကြ တဲ့အတွက်ကြောင့်လို့ဆိုပါတယ်။


bigbirdJanuary 3, 20121min42920
နယ်သာလန်နိုင်ငံ ရုပ်မြင်သံကြားဌာနတစ်ခု၏ ထူးဆန်းအစားအစာများအစီအစဉ်မှာ အစီအစဉ်တင်ဆက်သူ Dennis Storm နဲ့ Valerio Zeno တို့နှစ်ဦးဟာ လူသား စားပြခဲ့ကြပါတယ်။ သူတို့နှစ်ဦးဟာ မိမိတို့ရဲ့အသားအနည်းငယ်ဆီကို ဖြတ်ထုတ်ယူပြီး မည်သည့်အရသာပစ္စည်းမှ ရောစပ်ခြင်းမရှိပဲ ဆီပူပူဖြင့်ကြော်ကာ တစ်ဦးရဲ့အသားကိုတစ်ဦးက စားပြကြခဲ့ပါတယ်။ Valerio Zeno ရဲ့အသားကိုစားကြည့်ခဲ့တဲ့ Dennis Storm က လူသားဟာ တစ်ခြားအသားတွေထက် အရသာပိုရှိတာ မဟုတ်မမှန်ကြောင်းနဲ့ နောက်တစ် ကြိမ်ထပ်မံစားသုံးချင်စိတ်မရှိတော့ကြောင်း ပြောသွားပါတယ်။


bigbirdJanuary 3, 20121min27127
တရုတ်နိုင်ငံမှာ ပစ္စည်းသစ်တစ်ခုဟာ ဈေးကွက်ထဲကိုဝင်ရောက်တိုးပေါက်နိုင်ဖို့မလွယ်လှပါဘူး။ အားပြိုင်ကောင်းတဲ့ကုမ္ပဏီနဲ့ပစ္စည်းတွေကများလွန်းတဲ့အတွက် မိမိပစ္စည်းကို သုံးစွဲသူတွေသိရှိမှတ်မိလွယ်စေဖို့ရန် ကြော်ငြာကောင်းကောင်းလိုတာတော့အမှန်ပါပဲ။ ကုမ္ပဏီတစ်ခုကတော့ အိုင်ဒီယာကောင်းတယ်ဆိုမလား၊ဘယ်လိုဆိုရမလဲတောင်မသိတော့ပါဘူး။ ထိုကုမ္ပဏီက ရေချိုးရာမှာသုံးစွဲတဲ့ဆပ်ပြာရေတံဆိပ်သစ်တစ်ခုကိုကြော်ငြာဖို့အတွက် လူစည်ကားရာကုန်တိုက်တစ်ခုမှာ မိန်းမပျိုလေး ၃ယောက်ကိုရေချိုးပြသရန်ငှားရမ်းခဲ့ကြပါတယ်။ သူတို့လေးတွေဟာ ဦးခေါင်းမှာပုဝါတစ်ထည်ကိုသာ ပတ်ထားပြီး တကိုယ်လုံးဘာမှဝတ်ဆင် ထားခြင်းမရှိပါဘူး။ မျက်တောင်မခတ်ကြည့်နေကြတဲ့ လူတွေရဲ့အရှေ့မှာ အဆိုပါဆပ်ပြာရေကို ပျော်ရွှင် ကြည်နူးစွာပွတ်သပ်ပြသကြရပါတယ်။ သူတို့လေးတွေရဲ့ခြေလှမ်းတိုင်းကို ဓါတ်ပုံမပြတ်ရိုက်နေ သူတွေရှိသလို၊ တစ်ချို့ကတော့ဆပ်ပြာရေကို သူတို့ရဲ့ကိုယ်ပေါ်မှာ ကူညီသုတ်လိမ်းပေးကြပါ တယ်။ မိန်းမသားတွေရဲ့ ခန္တာကိုယ်ကိုအသုံးပြုပြီးကြော်ငြာခဲ့တဲ့အတွက် သဘောမကျသူတွေရှိခဲ့သလို၊ အဆိုပါကုမ္ပဏီကလဲ မသင့်တော်ကြောင်းဝန်ခံခဲ့ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ကုန်ပစ္စည်းကတော့ ခဏတာအတောတွင်းမှာပဲ လူသိများထင်ရှားလာ ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလက တရုတ်ပြည်က သတင်းတစ်ခုပါခင်ဗျာ။ အကယ်၍များ ဆပ်ပြာရေမဟုတ်ပဲကွန်ဒုံးဖြစ်ခဲ့ရင် ထိုကုမ္ပဏီက ဘယ်လိုကြော်ငြာ မလဲဆိုတာ ရွာသားများထင်မြင်ချက်ပေးကြစေချင်ပါတယ်။(နောက်တာနော်-စိတ်ဆိုးကြေး)


bigbirdSeptember 7, 20112min2835
ဘယ်တော့မှမမေ့နိုင်သော ရွှေဝါရောင်တော်လှန်ရေးကြီးမှ ကျန်ုပ်တို့သည် မည်သည့်ခံစားချက်မည်သည့်သင်ခန်းစာများရရှိခဲ့ကြပါသနည်း။ သံဃာတော်များအားရက်စက်စွာ သတ်ဖျက်ခဲ့သော ထိုရွှေဝါရောင်တာ်လှန်ရေး ကြောင့် ကျွန်ုပ်တို့သည် လွန်စွာမှ ဝမ်းနည်းကြေကွဲခဲ့ရသည်ကိုတော့ မည်သူမှငြင်းနိုင်မည် မဟုတ်တော့ပါ။ ရက်စက်၍ကလိန်ကကျင့်ညဏ်များသော စစ်အစိုးရသည် ၈လေးလုံးဖြိုခွဲခဲ့သောနည်းအတိုင်းပင် စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးကြီးကိုရက်စက်၍ ညစ်ပတ်သောနည်းလမ်းကိုအသုံးပြုကာ ဖြိုခွဲခဲ့ကြသည်ဟု အကျွန်ုပ်ထင်မိပါသည်။ ငြိမ်းချမ်းစွာဆန္ဒပြနေသော သံဃာတော်များနှင့်ပြည်သူလူထုကြားထဲတွင် သံဃာအတုနှင့် လူအတု(စွမ်းအားရှင်များ)များအားစေလွှတ်ပူးပေါင်းစေခြင်း။ ထိုသူများမှတဆင့် ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို ဆူပူမှုအဖြစ်သို့ပြောင်းလဲ သွားစေခြင်း။ဒေါသထွက်လာအောင် လှုံဆော်သွေးထိုးပေးခြင်း။ ထိုလူအုပ်ကြားထဲသို့ အုတ်ကျိုးကားတစ်စီးကို အော်တိုမစ်တစ် မောင်းဝင်လာစေခြင်း။ သံဃာအတုများဧ။်အော်ဟစ်ဆဲဆိုမှုများဖြင့် သံဃာထုအပေါ်တွင် ဘေးလူများကသော်လည်းကောင်း၊ လုံခြုံရေးတာဝန်ယူနေကြသောရဲဘော်များကသော်လည် ကောင်း အကြည်အညိုပျက်လာအောင်ပြုလုပ်စေခြင်း ။ ရဲဘော်များညာသံပေး၍ချီတက်လာသောအခါတွင် ထိုအတုအယောင်များက ဦးစွာ ထွက်ပြေးပြခြင်းအားဖြင့် အင်အားကို ဖြိုကွဲစေခြင်း။ စသည့်သင်ခန်းစာများရသင့်သည်ဟု အကျွန်ုပ်ထင်မြင်ယူဆပါသည်။ ငြိမ်းချမ်းစွာနှင့် စည်းလုံးစွာရှိနေသောအချိန်တွင် ရဲဘော်များဝင်ရောက်ရန် တွန့်ဆုပ်နေခြင်းကို သတိထားမိကြမည်ဟုထင်ပါသည်။ ရွှေဝါရောင်တော်လှန်ရေးအား […]


bigbirdMay 6, 20111min29221
မေလ ၆ ရက်နေ့က ထိုင်းနိုင်ငံ ကာလဆင်မြို့မှာ မင်္ဂလာဆောင်ပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။ သတို့သားဖြစ်သူက အသက် ၈၈နှစ်ရှိပြီး သတို့သမီးလုပ်သူကတော့ အသက် ၇၅ နှစ်ရှိပါတယ်။ အဖိုးကြီးကတော့ ဘုန်းကြီးလူထွက်တစ်ယောက်ဖြစ်ပြီး အဖွားကြီးကတော့ သားသမီးမရှိသော မုဆိုးမ ဖြစ်တယ်လို့ဆိုပါတယ်။ အထူးအဆန်းဖြစ်နေတဲ့ ထိုမင်္ဂလာဆောင်ကို နှစ်ဖက်သောဆွေမျိုးများနှင့်အတူ ပရိတ်သတ်များစွာတက်ရောက်ခဲ့ပါတယ်။ သတို့သားက သတို့သမီးကို ဘတ်ငွေ ၁၀၀၉၉ ဘတ်နဲ့ တောင်းယူခဲ့တယ်လိုဆိုပါတယ်။ သတို့သားနဲ့ သတို့သမီးဖြစ်သူတို့က အခုလိုလက်ထပ်ရခြင်းမှာ ဆေးပေးမီးယူ အထောက်အကူရရန်အတွက်သာမကပဲ တစ်ဦးနှင့်တစ်ဦး မေတ္တာမျှနေကြခြင်းကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။


bigbirdMay 1, 20111min1757
တစ်နေ့သောအခါရဲ့ ညနေခင်းအချိန်မှာ မောင်ရဲလင်းတစ်ယောက် အိမ်ကမိဘတွေကို သတင်းကောင်းအသိပေးဖို့ဆိုပြီး စိတ်လှုပ်ရှားစွာနဲ့ အပြေးလေးရောက်လာခဲ့ပါတယ်။ ” ဖေဖေ၊မေမေ ..သားတို့မြို့က အချောဆုံးကောင်မလေးတစ်ယောက်နဲ့ သားလက်ထပ်ဖို့ဆုံးဖြတ်လိုက်ပြီး၊ သားတို့တစ်လမ်းကျော်က ဝတ်ရည်ဆိုတဲ့ကောင်မလေးပါ။” ညနေစာ စားပြီးချိန်မှာတော့ အဖေဖြစ်သူက သားဖြစ်သူကို နှစ်ယောက်ထဲစကားပြောဖို့ဆိုပြီး အပြင်ကိုခေါ်သွားပါတယ်။ ” သားရေ..မင်းအမေနဲ့အဖေနဲ့ညားကြတာ နှစ်အတော်ကြာပေမယ့် မင်းအမေဟာ အစစအရာရာ တာဝန်ကျေခဲ့ပါတယ်။ ဇနီးကောင်းတစ်ယောက်ဆိုရင်လဲ မမှားဘူးပေါ့ကွာ။ ဒါပေမယ့်..အဖေသဘောမကျတာ တစ်ခုတော့ ရှိတယ်ကွ၊ ညအခါကျရင် အဖေ့အပေါ် တာဝန်မကျေချင်ဘူး၊ ဒါကြောင့်မို့ အဖေလဲ အငယ်အနှောင်းတွေ ရှိနေတာ မင်းအဖေ့အပေါ်နားလည်ပေးပါ၊ နောက်ပြီးအဓိက အဖေပြောချင်တာက ဝတ်ရည်ကို မင်းလက်ထပ်လို့ မဖြစ်ဘူးကွ၊ သူက မင်းနဲ့ ဖအေတူ မအေကွဲ မောင်နှမတော်နေလို့ပါကွာ” ရဲလင်းတစ်ယောက် ဝမ်းနည်းပက်လက် အသည်းတွေကွဲကြေစွာခံစားခဲ့ရတာနှစ်အတော်ကြာ၊ ဒီလိုနဲ့ ဒဏ်ရာဟောင်းကို ကုစားဖို့ […]


bigbirdApril 30, 20111min1599
နန်းတော်အတွင်းမှာ မင်းသမီးအသစ်ဖြစ်လာတော့မယ့် Kate အတွက် တားမြစ်ချက် ၁ဝ ချက်ကို ဗဟုသုတ အဖြစ် ဖော်ပြလိုက်ပါတယ်။ ၁..။ တပါးသူတို့အား မိမိနာမည်တစ်မျိုးထဲကို မခေါ်စေရ ။ ၂..။ ရွေးကောက်ပွဲတွင် အရွေးမခံရ၊ မဲမထည့်ရ ။ ၃..။ နိုင်ငံရေးတွင် ဝင်ရောက်မပတ်သတ်ရ ။ ၄..။ တစ်ဦးထဲ လွတ်လပ်စွာ မသွားလာရ ။ ၅..။ မိုနိုပိုလီ ကိမ်း မကစားရ ။ ၆..။ သင်းကွဲစေမည့်စကားမပြောရ ။ ၇..။ အခွံရှိသော ရေသတ္တဝါ မစားရ ။ ၈..။ စီးပွားရေးမလုပ်ရ ။ ၉..။ မသေချာသေးသော အကြောင်းအရာများအား မပြောရ ။ ၁၀။ ထမင်းဝိုင်းတွင်း ထမင်းအရင်စားပြီးခြင်းမရှိစေရ ။ ( […]


bigbirdApril 30, 20111min742
ဒီသတို့သမီးအရံက ဘာတွေညစ်နေလဲသိဘူး….မျက်နှာကြီးဆူပုပ်ပြီး နားနှစ်ဖက်ကို လက်နဲ့ပိတ်လို့…ဘေးက သတို့သမီးအရံတစ်ယောက်ကတော့ ပျော်လို့ခုန်လို့


bigbirdApril 24, 20111min22712
ထိုင်းနိုင်ငံမှ တက္ကစီကားမောင်းသူတစ်ဦးဟာ နိုင်ငံခြားခရီးသည်တစ်ဦးကားပေါ်တွင်မေ့ကျန်ခဲ့သော ပိုက်ဆံအိတ်တစ်လုံးကို ရှာဖွေပြီး ပြန်လည်ပေးအပ်ခဲ့တယ်လို့ ဒီနေ့ထုတ် http://www.komchadluek.net/index.php သတင်းမှာ ဖော်ပြထားပါတယ်။ အဆိုပါအိတ်ထဲမှာ ဘတ်ငွေ ၅ သိန်းနဲ့အတူ အရေးကြီးစာရွတ်စာတမ်းများ ပါရှိပါတယ်။ တက္ကစီမောင်းသမားက FM 91 radio ဌာနကို အကူအညီတောင်းပြီး ရှာဖွေခဲ့တယ်လို့ဆိုပါတယ်။ ပိုင်ရှင်ဖြစ်သူကလဲ စိတ်ထားဖြောင့်မှန်သော အဆိုပါ တက္ကစီမောင်းသူအား ဆုငွေအဖြစ်ဘတ်ငွေ တစ်သောင်း ပေးအပ်ခဲ့ပါတယ်။