လွန်ခဲ့တဲ့တစ်ပတ်ခန့်က သူငယ်ချင်းတစ်ယောက်ရဲ့အိမ်ကို မနက် ၉နာရီလောက်ကြီး ကျွန်တော်ရောက်သွားတယ်။ သူငယ်ချင်းက ကျွန်တော့်ကိုမြင်မြင်ချင်း “ဟာအတော်ဘဲ ဟေ့ကောင် ငါနဲ့အတူမင်္ဂလာဆောင် တစ်ခုကိုလိုက်ခဲ့စမ်းကွာ“ လို့ပြောတယ်။ အမှန်တော့ အဲဒီ မင်္ဂလာဆောင် ကလည်း ကျွန်တော်နဲ့ ခင်မင်ရင်းနှီးနေတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့မင်္ဂလာဆောင်ပါ။ ဖိတ်စာ မရောက်တာတော့ ဘာကြောင့်လဲ မသိဘူးပေါ့ ။ ဒီတော့ “ငါက ဒီအတိုင်းလိုက်ရမှာလားကွ၊ အိမ်ခဏပြန် အဝတ်လဲလိုက်ဦးမယ်“ “လဲမနေနဲ့တော့ကွာ ငါ့အဝတ်အစားပဲမင်းယူဝတ်လိုက်တော့ ငါဝတ်တာ XL မင်းဝတ်တာလည်း XLပဲ၊ လာအခန်းထဲ သွားလဲရအောင်“ဆိုပြီး ခေါ်သွားရာက သူငယ်ချင်းရဲ့ ပွဲတက်ဝတ်စုံအပြည့်နဲ့ မင်္ဂလာဆောင်ကို ထွက်လာခဲ့ကြပါတယ်။ ကျွန်တော့် ကိုယ်ပေါ်က သူငယ်ချင်းရဲ့ ဝတ်စုံကိုဝတ်ရတာဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိသလို ခံစားနေရတာ လမ်းတစ်လျှောက်လုံးပါ။ ကျွန်တော့် အဝတ်အစားနဲ့ကျွန်တော်ဆို ယုံကြည်မှုအပြည့်နဲ့ ဖြစ်နေမှာလို့လည်း အိမ်ပြန် […]