Mobile HouseSeptember 5, 20111min34713
စကားထာ (၁) သွားတော့ခွေခွေ နေတော့စင်းစင်း (၂) ဆယ့်ခြောက်ပြည်ပိုင်စိုး၊ မင်းမျိုးတဲ့ရာဇာ၊ ရှေးကုသိုလ်ကံမကောင်းသောကြောင့် ခါးခြေလက်မပါ၊ (၃) မြစ်လယ်ခေါင်သောင်ထွန်း နတ်သမီးနေတဲ့ကျွန်း ၊ (၄) ခြေရှစ်ချောင်း၊ ခေါင်းဘယ်ညာ၊ အမြီးခါးလယ်မှာ (၅) ချောင်းငယ်ကောက်ကောက်၊ ရေလယ်နောက်နောက်၊ (၆)မဖွပ်ပဲဖြူသည့် နတ်ပုဆိုး၊ မခပ်ပဲပြည့်သည့် နတ်ရေအိုး၊ (၇) နတ်သမီးတံတွေးပေါက်၊ ကြက်မကောက်နိုင်၊ (၈) သဒါလည်းမတတ်၊ပရမတ်လည်းမကျေ လူရှေ့မှာလည်းနေ၊မှန်လျှင်မှန်စေ မမှန်လျှင် လျှာထုတ်ပြသည်။ (၉) ငုတ်ချည်ပေါ်ချည်၊ သူ့ဖင်ကိုကြိုးနဲ့ချည် (၁၀) နတ်သမီးအိမ်တိုင်၊ပိုးမဖေါက်နိုင် ဖောက်ပြန်သော်လည်း တစ်ပေါက်တည်း၊ ဖြေကြည့်ကြနော် ။အားလုံးသိကြမယ်ထင်ပါတယ်။အပျင်းပြေပေါ့ ဗျာ။အဖြေမှန်ကို ၂ရက်ပြည့်တဲ့ နေ့ ပေါ်ပြပေးပါမယ်။