၃ရက်လောက်ရှိပါပြီး ကျွန်တော် ရုံးက ပြန်လာတိုင်း အိမ်ကိုပြန်တော့ အိမ်ရှေ.မှာ ခွေးလေးတစ်ကောင် တွေ.တွေ.နေရတယ်… ကိုယ်ကလဲ ခွေးတော့မချစ်တတ်ပါဘူး ဒါပေမယ့် သူက အိမ်ရှေ.မှာ ယောင်လည်လည်နဲ. ဘာလာလုပ်တာလဲမသိပါဘူး… အဲဒီခွေးကိုလဲ တစ်ခါမှ မမြင်ဘူးဘူး ဘေးအိမ်တွေက ခွေးလဲ မဖြစ်နိုင် ဘူး ဘာလို.လဲဆိုတော့ ဘေးအိမ်တွေကလဲ ကျွန်တော်လိုပဲခွေးမချစ်တတ်ကြဘူးလေ… ဒါပေမယ့် ကျွန်တော်က ခွေးမချစ်ပေမယ့် အော် ခွေးလေး သနားပါတယ်ဆိုပြီး သူခမျာ မျက်စိလည်လမ်းမှားပြီး ရောက်လာရှာတာပဲဆိုပြီး ထမင်းကို လမ်းထိပ်ကနေ ၂၀ဝ ဖိုး အသားဟင်း ၅၀ဝ ဖိုးဝယ်ပြီး ကျွေးလိုက်ပါတယ်… အဲကျွေးလဲပြီးရော အကုန်ပြောင်စင်နေအောင် စားပြီး ဘယ်ပျောက်သွားမှန်းမသိဘူး ပြန်ကိုမလာတော့ဘူး မနက်အိပ်ရာနိုးတော့ အဲဒီခွေးကိုထူထူဆန်းဆန်းသတိရတာနဲ. လိုက်ရှာကြည့်သေးတယ် အမြီးတောင် မတွေ.ရဘူးဗျာ ပျောက်ချက်သားကောင်းနေတာ…..ဒါနဲ.ကျွန်တော်လဲ ကဲထားပါတော့ ခဏလာတာပဲဆိုပြီး […]