manawphyulayDecember 30, 20111min16712
ဘာလိုလိုနဲ့ တစ်နှစ်ကုန်လို့ တစ်နှစ်ရောက်လာသလို အသက်လည်းတစ်နှစ် ပိုကြီးလာပြန်တာပေါ့။ တစ်နှစ်အတွက် စကားလက်ဆောင်လေးတွေ ပေးလိုက်ပါတယ်။ နှစ်သစ်ရဲ့ နေ့စွဲတွေ တဖြည်းဖြည်း ဝင်ရောက်ချည်းနင်းလို့လာနေပါပြီ။ ဒီလိုပါပဲ နှစ်ဟောင်းက နှစ်သစ်ထဲကို ကျွန်မတို့ရဲ့ မျှော်လင့်ချက်တွေကလည်း အတူလိုက်ပါလာကြတယ်။ ကျွန်မတို့ မျှော်လင့်ခြင်း ၊ အောင်မြင်ခြင်း ဆိုတဲ့အရာတွေ ဘာတစ်ခုမှ ဖြစ်မလာသေးတော့ အသက်ရှင်နေသမျှ ကာလပတ်လုံး နှစ်သစ်တိုင်း နှစ်သစ်တိုင်း အဲဒီအရာအားလုံးကို နှစ်သစ်ထဲ ဆက်လက်ခေါ်ဆောင်သွားကြရမှာ အသေအချာပါပဲ။ ဒါတွေက ဘာတွေလဲ ကျွန်မတို့ လုပ်ခဲ့ပြီးတဲ့ အရာတွေကလည်း ကျွန်မတို့ရဲ့နောက်ကနေ အရိပ်တွေလို ထပ်ကြပ်မကွာကပ်ပါ လာကြပြန်တယ်။ ကောင်းမှုတွေ လု့်ခဲ့သလား ၊ မကောင်းမှုတွေ ကျွန်မတို့ ဖန်တီးခဲ့သလား သိရဲ့နဲ့လုပ်ခဲ့တာလား ၊ မသိလို့လုပ်ခဲ့မိသလားဆိုတာ အသေအချာ မသိပေမယ့် အဲဒီအကျိုးဆက်တွေကိုတော့ ကျွန်မတို့တွေ […]