alinsettMarch 22, 20161min30619
G = Grasp                           ——————– လွန်ခဲ့သောတစ်နှစ်က ကျွန်တော့်ဆီမှာ ကြိုးငါးပင်သာ ရှိခဲ့သည်။ ယခုနှစ်အရောက်မှာတော့ . . . နောက်ထပ် ကြိုးတစ်ပင် ပိုတိုးပြီး ကြိုးခြောက်ပင်တိတိ ရှိသွားပြီ။   ထိုကြိုးများသည် ကျွန်တော့်အား တစ်ရစ်ပြီးတစ်ရစ် တိုးကာ ရစ်ပတ်တုတ်နှောင်ထားသော ကြိုးများဖြစ်သော်လည်း ”မောင်သူရရေ မင်းကိုယ်တိုင်ကလည်း အဲ့ဒီကြိုုးတွေရဲ့ နွယ်ငင်ရစ်ယှက်မှုကို လိုလားနှစ်သက်နေတယ်မဟုတ်လား”ဟု အသင်မေးလျှင်. . .ကျွန်တော် မငြင်းဆိုချင်ပါ။   အဲ့ဒါ သိပ်တော့ မကောင်းပါ။ ”လောကမှာ ရှိရှိသမျှ ချစ်ခင်နှစ်သက် မက်မောစွဲလမ်းရာဟူသမျှသည် တစ်နေ့နေ့တစ်ချိန်ချိန်တွင် […]


alinsettJanuary 7, 20161min25417
F = Friend ~~~~~~~~~~~~~~                                       စကားလုံးများကို တို့ထိခဲ့သည်မှာ F သို့ တိုင်ခဲ့လေပြီ။ F နေရာသို့အရောက်မှာ တိုက်ဆိုင်စွာပင် တာရာမင်းဝေ၏ ခေတ်နေအတွက်စာတစ်ရွက်ဆိုသည့် စာအုပ်ကို ဖတ်လိုက်မိသည်။ ဆရာတာရာမင်းဝေကတော့ မိတ်ဆွေဆိုတာနဲ့ပတ်သက်ပြီး ”သူအိမ်ထောင်ပြုလိုက်တာဟာ သူ့မိတ်ဆွေတွေရဲ့ဘဝထဲကနေ ပျောက်ဆုံးသွားရသလို ခံစားပြီး”ရေးထားသည်။ ကျွန်တော့်မှာလည်း မိတ်ဆွေဆိုတာနှင့်ပတ်သက်ပြီး ပြောဆိုစရာလေးတွေ ရှိပါသည်။ ~~~~~~~~~~~~~~~~~~~ F ဆိုသည့်စကားလုံးနှင့်ပတ်သက်၍ စဉ်းစားလိုက်သည့်အခါတိုင်း Friend ဆိုသည့် သူငယ်ချင်းများအကြောင်းကို မစဉ်းစားမိဘဲ မနေနိုင်ပါ။ Friend […]


alinsettDecember 31, 20151min1706
E = End     နိဂုံးဆိုတာ နိဒါန်းရဲ့ အစ… လို့ ပြောရမလိုပါပဲ… နှစ်တစ်နှစ်ရဲ့ အဆုံးသတ်အချိန်ဟာ….နောင်နှစ်သစ်တစ်ခုအတွက် အစဆုံးသော အချိန်… .အေးလေ… ဒီနှစ်ရဲ့ နောက်ဆုံးအချိန် စက္ကန့်အပြီးမှာ ဟောဒီကမ္ဘာကြီးက ပျက်စီး အဆုံးသတ်သွားမှာမှ မဟုတ်တာ။ .နောက်နှစ်သစ်တစ်ခု ဖြစ်တဲ့ ၂၀၁၆ ခုနှစ်ကို ဖျတ်ခနဲ…ကူးပြောင်း ရောက်ရှိသွားမှာပဲ မဟုတ်လား။ ဒီတော့ ၂၀၁၅ ရဲ့ နိဂုံးဟာ…၂၀၁၆ ရဲ့ နိဒါန်းလည်း ဖြစ်ပါတယ်။ နှစ်သစ်မှာ… စိတ်သစ်လူသစ် အားအသစ်တွေနဲ့… ကောင်းကျိုးချမ်းသာ အဖြာဖြာကို သစ်လွင်တောက်ပစွာ ရယူပိုင်ဆိုင်နိုင်ကြပါစေ…လို့… မြန်မာပြည်သူား အာလုံးအတွက ဆန္ဒပြုလိုက်ပါတယ်။ နှစ်သစ်မှာ စိတ်လက်ချမ်းသာစွာနဲ့…လန်းဆန်းတက်ကြွစွာ ကောင်းကျိုးလိုရာ ပိုင်ဆိုင်မှုအသစ်တွေ ရနိုင်ဖို့ဆိုတာလည်း… အခွင့်အလမ်းက ရှိပါဦးမှ… တိုင်းပြည်တစ်ပြည်အတွင်းက ပြည်သူတွေအနေနဲ့ […]


alinsettDecember 28, 20154min27813
D = Drama story ************************** အကဲပါပါ အသည်းတခါခါ ဖြစ်သွားစေလောက်သော ဇာတ်လမ်းတစ်ပုဒ်တော့ဖြင့် ဘဝမှာ ရေးဖူးခဲ့ချင်သည်၊၊ .မြန်မာနိုင်ငံသား ပီသသည်ဟု ဆိုရမည်၊၊ .မြန်မာပြည်သည် နိုင်ငံသားတို့အတွက် ငိုမည်ဆိုလျှင် မျက်ရည်ချောင်း စီးလောက်စရာ အကြောင်းအချက်များစွာတို့ ပြည့်နှက်နေသော တိုင်းပြည် ဖြစ်သည်၊၊ ဂျုံးဂျုံးကျနေရာမှ ယိုင်ထိုးယိမ်းခါစွာ ကုန်းရုန်းထနေရသည့်ကြားကပင် မြန်မာနိုင်ငံ၏ မြို့တော်အတော်များများအတွင်း .နေထိုင်လှုပ်ရှားနေသူ တိုင်းသူပြည်သားတို့မှာ အလွမ်းအဆွေး ငိုခြင်းများနှင့်ပင် (တလွဲဆံပင်ကောင်းကာ)ပျော်မွေ့ကြလေသည်၊၊ ရုပ်ရှင်ဇာတ်ကား ကြည့်တာတောင် ဟာသကားဆိုလျှင် ပျော်ရွှင်ရယ်မောရမည့်အစား ပေါတောတောနဲ့ မကောင်းတဲ့ဇာတ်ကားကြီး ဟု ဆိုတတ်ကြသည်၊၊ သရုပ်ဆောင်တွေကို ထူးချွန်ဆု အကယ်ဒမီပေးလျှင်လည်း အငိုပက်စက် အလွမ်းဟက်တက်ကွဲပြတတ်မှ —မင်းသမီးဆိုလည်း မျက်ရည်တွေ ငေါက်ခနဲငေါက်ခနဲ ပန်းထွတ်အောင် ငိုတတ်ပါမှ—  ပေးကြ ရကြသည်၊၊ .ကြည့်ရှုခံစားသူတွေကလည်း ရုံထဲမှာ […]


alinsettDecember 5, 20152min22212
C = Clean       oooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooooo     ကျနော်တို့သည် ညစ်ပတ်ပေရေလွယ်သော ပတ်ဝန်းကျင်ထဲတွင် နေသားတကျ ပါဝင်လှုပ်ရှားနေကြရသူများဖြစ်သည်၊၊   အဲ့သည် ညစ်ပတ်ပေရေမှုများကို တတ်နိုင်သမျှ ဖယ်ရှားပစ်ပြီး သန့်ရှင်းစင်ကြယ်စွာ နေထိုင်နေသူများလည်း ဖြစ်သည်၊၊   ကျနော်တို့၏ တကိုယ်ရည်သန့်ရှင်းမှုမှအစ— ကျနော်တို့နေထိုင်ရာ အခန်း—ပတ်ဝန်ကျင်တဝိုက်အလယ်— ကျနော်တို့၏ တိုင်းခန်းပြည်ရွာအဆုံး—ထိုအတောအတွင်းရှိ အညစ်အကြေးများကို ဖယ်ရှားသန့်စင်ပစ်ရင်း လူရည်သန့်များဖြစ်အောင် (ထို့အပြင် ရောဂါပိုးမွှားစွဲကပ်သူများ မဖြစ်အောင်) သက်ရှင်နေထိုင်ကြရသည် မဟုတ်လား၊၊   ကိုယ်နေထိုင်သည့်အခန်းကလေး သန့်ရှင်းသပ်ရပ်နေဖို့ လိုပါသည်၊၊   ကိုယ့် “ကိုယ်”သည်လည်း သန့်ရှင်းစင်ကြယ်နေဖို့ လိုပါသည်၊၊   သို့သော် ကျနော်တို့သည် ပြင်ပမှ မြင်လွယ်တွေ့လွယ်သော အရာများကိုသာ သန့်စင်ဆေးကြောလေ့ရှိပြီး မမြင်ရသော အမှိုက်များကိုတော့ […]


alinsettNovember 30, 20153min43813
B=Burmese Film  .ပြီးခဲ့သည့် ရက်ပိုင်းတွေအတွင်း စိတ်ပြေလက်ပျောက်သဘောဖြင့် ရုပ်ရှင်တစ်ကား ဝင်ကြည့်ဖြစ်ပါသည်၊၊ စိတ်ပြေလက်ပျောက်ဟု အသေအချာ အခိုင်အမာ ပြောနိုင်သည်မှာ ထိုနေ့က ရုပ်ရှင်ဇာတ်ကား၏ ဆွဲဆောင်မှုကြောင့် ဝင်ကြည့်ဖြစ်ခြင်းမျိုး လုံးဝ မဟုတ်ဘဲ ဇာတ်ကားကို ဂရုမစိုက်၊ စိတ်ပြေလက်ပျောက် ကြည့်လိုက်မည်ဟူသော အတွေးဖြင့်သာ ဝင်ကြည့်ခဲ့ခြင်းကြောင့် ဖြစ်သည်၊၊ ဇာတ်ကား၏ ဆွဲဆောင်မှုကြောင့်သာ ကြည့်ဖြစ်မည်ဆိုလျှင် ဗမာဇာတ်ကားတစ်ကားကို အချိန်ကုန်/ ငွေကုန်ခံပြီး ဝင်ကြည့်ဖြစ်ပါ့မလား၊၊ အဲသည်နေ့ကတော့ မည်သည့်ဇာတ်ကားဖြစ်စေ— ရုပ်ရှင်ရုံထဲ ဝင်ထိုင်ကြည့်ပစ်လိုက်ဖို့သာ စိတ်စောနေခဲ့သောကြောင့် ဘယ်တုန်းကမှ တပ်မက်ခြင်းမရှိဖူးသော— (ကျနော့်ကို ဆွဲဆောင်နိုင်စွမ်းမရှိရှာသော) ဗမာဇာတ်ကားတစ်ကားကို အလိုအလျောက် ဝင်ကြည့်မိသွားသည်၊၊ အဲသည်နေ့က ကျနော် ကြည့်မိသော ဇာတ်ကား၏ အမည်မှာ “ကောင်းကျိုးကိုယ်၌ တည်စေမင်း” ဖြစ်သည်၊၊ ဒါရိုက်တာ ”  ဒါရိုက်တာ ဇေပါ […]


alinsettNovember 24, 20151min1827
                            (ဘာရယ်မဟုတ်….အခုတလော… စိတ်ညစ်စရာတွေ များလေ… အိပ်မပျော်လေ… အိပ်မပျော်လေ….ဟိုတွေး ဒီတွေး…ထိုင်တွေးမိလေ…. ၊ တွေးမိတာတွေထဲက… တစ်ယောက်ယောက်ကို ပြန်ပြောပြချင်တာလေးတွေ ရှိလာတော့လည်း… ချရေးမိပြန်ရော…ဆိုပါတော့…။ ချရေးမိတော့လည်း… သူကြီးဆီက ပွိုင့်တစ်သိန်းပြည့်ဖို့ နီးလာတာမြင်ထားတော့… ပိုစ့်လေးတော့ဖြင့်…တင်အုန်းမှ…ဆိုပြီး… ။ (တစ်သိန်းရဖို့… သုံးသောင်းနီးပါးပဲ လိုတော့တာဆိုတော့… တွက်ပြီပေါ့..။ တစ်သိန်းရလည်း ကိုယ့်အတွက် မနည်းဘူး။ ထမင်း အနပ်တစ်ရာ စားလို့ရ…၊ ) :k: ဒီတော့…တွေးမိတာတွေကို ချရေးထားတဲ့စာမူကြမ်းတွေကို ပြန်ချောပြီး…ခေါင်းစဉ်တွေအသီးသီးတပ်…ပိုစ့်တင်မဟဲ့….လို့ ဆုံးဖြတ်ပြီးသကာလ…. ဒီအတိုင်းတင်တာထက်..စီးရီးလေးနဲ့…အစဉ်လိုက် Tag တစ်ခုထဲအောက်မှာ တွဲပြီး တင်သွားတာက… ပြန်ရှာရလည်း လွယ်….တစ်စုတစ်စည်းထဲလည်းဖြစ်…ဆိုတော့… […]