moonpoemMay 16, 20111min1155
မိတ်ဟောင်းဆွေဟောင်းတွေ တွေ ့ကြလျှင် အချင်းချင်းဖက်လှဲတကင်းဖြင့် မေးကြမြန်းကြ၊ ပြောကြဆိုကြ အားရပါးရ ရယ်မောကြ အတိတ်ကငယ်ကျိုးငယ်နာတွေ ဖော်ကြဖြင့် ပျော်စရာကောင်းလှသည့်မြင်ကွင်းမျိုးကို တီဗွီဇာတ်လမ်းထဲတွင်ရော အပြင်မှာပါ ကျွန်မ မကြာခဏဆိုသလို တွေ ့မြင်ဖူူးပါသည်။ သို ့သော်ကျွန်မအတွက်တော့ တချို ့သော သူငယ်ချင်းများနှင့်သာ ထိုသို ့ခံစားမှုမျိုးရှိပေမယ့် တချို ့သော သူငယ်ချင်းများနှင့်တော့ အေးစက်သလိုမျိုး ခံစားရသည်။ တခါတရံ ကိုယ်က အားရပါးရနှင့် ခေါ်ပြောနှုတ်ဆက်လိုက်ပေမယ့် သူ့ဘက်က မခေါ်ချင်တာမျိုး၊ တခါတရံတော့လည်း စကားတစ်ခွန်းနှစ်ခွန်းပြောပြီးသည်နှင့် သူနှင့်ကိုယ်နှင့်ကြား အရင်ကလို မဟုတ်တော့ဘဲ တစုံတခုခြားသွားသလို ဖြစ်သွားသော ခံစားမှုမျိုး၊ တခါတရံကျပြန်တော့လည်း တစ်ဘက်ကအရမ်းကိုကြွားသလိုဖြစ်ပြီးကိုယ့်ကို နှိမ်သလိုပြောလာပြန်လျှင်လည်း အနှိမ်ခံရသည့်စိတ်ဖြင့် မခံချင်ဖြစ်လာတာမျို းအမျိုးမျိုးအထွေထွေပါပဲ။ သို့အတွက်ကြောင့်လားမသိ တကယ်ကိုဘယ်အချိန်မှာပဲခေါ်ခေါ် အမြဲတမ်းဖော်ဖော်ရွေရွေနှင့် ဆက်ဆံတတ်သော သူငယ်ချင်းတချို ့ကိုတော့ […]