manawphyulayAugust 8, 20111min19711
စကား၊ စကား၊ ပြောပါများ၊ စကားထဲက ဇာတိပြ လို့ ကြားဖူးကြမယ် ထင်ပါတယ်။ စကားဆိုတာ စလိုက်ရင် ကားသွားတတ်ပါတယ်။ ဒါကြောင့် လူတွေရဲ့ ပါးစပ်ဖျားမှာ စကားနည်း ရန်စဲဆိုတဲ့ စကားလုံးကို တွင်တွင်သုံးနေကြတာ ဖြစ်ပါလိမ့်မယ်။ အဲ စကားဆိုတာကလည်း စကားပြောတိုင်း ကောင်းကျိုးနှင့် ဆိုးကျိုးတို့ကို ဆင်ခြင်ကြရပါမယ်။ ဘုရားရှင်သည် စကားခြောက်ခွန်း၊ လူဝယ်ထွန်း၊ လေးခွန်းကိုပယ်၊ နှစ်ခွန်းတယ် လို့ ရှေ့ပညာရှိများရဲ့ လင်္ကာစကားနှင့်အညီ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ သူတစ်ပါး နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ၊ အကျိုးမရှိသော စကားမျိုးကို မပြောမဆိုဘဲ မှန်ကန်၍ အကျိုးရှိသော စကားမျိုးသာ ပြောဆိုတော်မူပါလို့ မိန့်တော်မူခဲ့ပါတယ်။ သုဂတ… သု = ကောင်းသော စကားကို၊ ဂတ = ဆိုတော်မူသော မြတ်စွာဘုရား။ […]