manawphyulayAugust 16, 20111min23818
ဒီနေ့ ဒီလိုနေရာကို ပြန်ရောက်ဖြစ်လိမ့်မယ်လို့ မထင်မိဘူး။ သင်တန်းစတဲ့ဖို့ မိန်းထဲရောက်တော့ နင်တို့ကို သတိရမိတယ်သိလား။ ငါတို့ပျော်ခဲ့ဖူးတဲ့နေရာလေးတွေ ငါ တစ်ယောက်ထဲ ပြန်လျှောက်ရတော့မှာပါလားဆိုပြီတော့လေ…. ဒါနဲ့ ကျောင်းစတက်ရတဲ့နေ့ပေါ့။ သင်တန်းက မနက် ရ နာရီလို့ ပြောလို့ အစောကြီးထပြီး သွားရတော့ ပထမဆုံး အဓိပတိလမ်းကို စဝင်တာနဲ့ အရင်က ပျော်ခဲ့တဲ့နေရာတွေ တစ်ယောက်ထဲ လျှောက်နေရင်းနဲ့ ရင်ထဲမှာ ဝမ်းလည်း ဝမ်းသာမိသလို ဝမ်းလည်းဝမ်းနည်းမိတယ်။ ဝမ်းသာတယ်ဆိုတာ တစ်ချိန်က ကျောင်းတက်ခဲ့ရတဲ့နေရာလေးကို ပြန်လျှောက်ရလို့၊ ဝမ်းနည်းတာကတော့ သူငယ်ချင်းတွေအတူပျော်ခဲ့တဲ့နေရာလေးမှာ ငါ တစ်ယောက်ထဲ လမ်းလျှောက်ရလို့လေ။ တစ်ယောက်ထဲလျှောက်တော့ အဓိပတိလမ်းက တော်တော်ရှည်ပါလားလို့ ခံစားမိပြန်ရော။ ငါတော့ ဒုက္ခပဲ တစ်နှစ်လုံး တစ်ယောက်ထဲ ဒီလိုသာ လျှောက်ရရင် မလွယ်ဘူး။ ဒါပေမယ့် နေရာဟောင်းလေးက နွေးထွေးစွာ […]