မြသဲ ( 17082011 )October 9, 20131min44363
ဟိုနေ့က ဒညင်းဝက် အဲလေ အလင်းsex အဲ မွှားလို့ အလင်းဆက်ပိုစ့်ကိုမန့်ရင်း သူမေးလိုက်တာလေး ကိုယ့်ဘာသာကိုယ်လဲ မဖြေတတ်တာနဲ့ စစ်တမ်းကောက်ကြည့် မလို့ပါ။ အလင်းဆက်ကပြောတယ်။ ယောင်္ကျားလေးတွေစိတ်ညစ်ရင် ဘီယာ/အရက်သောက်တယ်ပေါ့။ မိန်းကလေးတွေစိတ်ညစ်ရင်ဘာလုပ်သလဲ တဲ့။   ကျွန်မလဲစဉ်းစားကြည့် တာ တော်တော်လေးသိချင်လာမိတယ်။ ရွာထဲက ရွာသူတွေစိတ်ညစ်ရင် ဘာတွေလုပ်လေ့ရှိသလဲ စစ်တမ်းလေးတခုကောက်ကြည့်ချင်လို့ အောက်ကနေ ကွန်မင့်လေးများ ချီးမြှင့်ပေးစေလိုပါတယ်။   မိန်းကလေးတွေစိတ်ညစ်ရင် ဘာလုပ်လေ့ရှိပါသလဲ။   ကွန်မင့်လေးနဲ့ဖြေပေးကြပါအုံး။ ယောင်္ကျားလေးတွေ ရွာသားတွေလဲဖြေလို့ရပါတယ်။ ဗဟုသုတေ့ပါ့။ အပြန်အလှန်ဆွေးနွေးရတာပေါ့။