ကျနော်တို ့တိုင်းပြည်မှာ ၁၉၆ဝ ဦးနေဝင်းအစိုးရ လက်ထက်ကနေ ၁၉၈၈ အရေးခင်းနောက်ပိုင်းဗိုလ်ချုပ် သန်းရွှေလက်ထက်ထိ တိုင်းပြည်ကိုအဆင်းရဲဆုံးနိုင်ငံစာရင်းဝင်အောင်ဆွဲချဖျက်ဆီးသွားခဲ့တာ လက်တဆုပ် စာ စစ်ခွေးတွေပါ။သူတို ့တွေကောင်းစားဖို ့အတွက် ငတ်တလှည့်၊ဝတခါနဲ ့အသက်ပေးပြီးမဲမဲမြင်ပစ်တတ် အောင်သင်၊“သေနတ်ဆိုတာ မိုးပေါ်ထောင် ပစ်ဖို ့မဟုတ်ဘူး”ဆိုပြီး အရူးဘုံမြှောက်ပင့်ပြောပြီး၊ဘယ်နေရာ ကလာမှန်းမသိတဲ့ အမိန် ့ဆိုတာကိုနာခံတတ်အောင် Brain watch လုပ်ခံထားရတဲ့ အောက်ကငယ်သား စစ်သားလေးတွေဘဝဟာ သနားစရာပါ။ နိုင်ငံရဲ ့အရေးပါတယ်ဆိုတဲ ့နေရာတွေအားလုံးကိုလဲ ဖွဲ ့စည်းပုံဥပဒေနဲ ့ဗြောင်ယူ၊မတရားတဲ့နည်းနဲ ့ခိုး ယူ။ထိုင်ခုံက သေမှဆင်းပေးချင်တဲ့ ကောင်တွေ။တိုင်းပြည်မှာ ဘယ်နေရာမှာမှအသုံးမဝင်တဲ့စစ်အာဏာရှင် တွေ။ (၁)တိုင်းပြည်မှာ ရဟန်း၊ရှင်လူ၊ကျောင်းသားတွေကို သတ်ခဲ့တဲ့ စစ်ခွေးတွေ (၂)တိုင်းပြည်ကို စစ်ကျွန်စနစ်နဲ ့အဆင်းရဲဆုံးနိုင်ငံဖြစ်အောင်လုပ်သွားတဲ့ စစ်ခွေးတွေ (၃)မလွှဲမရှောင်သာ နိုင်ငံတာဝန်ယူခဲ့ရပါတယ် ဆိုတဲ့စကားလှလှတွေ ဝေနေအောင်ပြောတဲ့ စစ်ခွေးတွေ […]