Ma MaJuly 13, 20111min16012
ရန်ကုန်က ဘုရင့်နောင်ပွဲရုံတန်း (ကားပစ္စည်းဝင်း နဲ့ မှားတတ်လွန်းလို့)မှာ ကားကြပ်တာ၊ ကားလမ်းပိတ်တာ ထုံးစံလို ဖြစ်နေတော့ တစ်ခါတစ်လေ အလုပ်ကိစ္စရှိလို့ သွားချင်ရင် တက္ကစီသမားတွေက မလိုက်ချင်ကြပါဘူး။ မြို့ထဲကို အပြန်ကားငှားရင်လည်း ဈေးကြီးနေတတ်ပါတယ်။ တစ်ခါတော့ ဘုရင့်နောင်ကို ကားငှားသွားတဲ့အခါ ဝင်ကြေးကောက်တဲ့ အနားမှာတင် လမ်းပိတ်နေလို့ လမ်းမကြီးအတိုင်း မဝင်ပဲ နီးရာလမ်းသွယ်ကနေ ကားသမားကို ဝင်ခိုင်းရပါတယ်။ အဲလိုမှ မဟုတ်ရင် ကားသမားက လမ်းပေါ်မှာ ချထားခဲ့တတ်ပါတယ်။ လမ်းသွယ်ကမို့လို့ ကားချောင်မလားလို့ ဝင်ခိုင်းလိုက်ကာမှ နှစ်လမ်းမောင်းလမ်းကို လမ်းပြောင်းပြန်ရပ်ထားတဲ့ ကုန်ကားကြီးတစ်စီးက လမ်းပိတ်လို့ နေပါတယ်။ တစ်ဖက်က ကားကလည်း လာနေပြီး အဲဒီမှာတင် လမ်းပိတ်ဆို့ပြီး ကားတွေတန်းစီပြီး ရပ်နေကြရပါတယ်။ လမ်းပိတ်ထားတဲ့ကားကို မောင်းသူမရှိဘူးထင်လို့ ကြည့်လိုက်တော့ ဒရိုင်ဘာက လက်နှစ်ဖက် နောက်ပစ်ပြီး ကားပေါ်မှာ […]