naywoon niOctober 7, 20111min14610
စနစ်ရဲ့သားကောင်(၁) စနစ်တစ်ခု ညံ့ဖျင်းရင် မှားယွင်းရင် အဲဒိစနစ်ကို မှီခို အသုံးပြုနေတဲ့သူအားလုံးဟာ အဲဒိစနစ်ရဲ့ သားကောင်ဖြစ်တော့တာပဲ….။ ကိုယ့်ကိုကိုယ် သားကောင်ဖြစ်မှန်းမသိအောင်ကို ဖြစ်နေကြရတာ…။ ခုလည်းကြည့်လေ…….. ။ ကိုပေါက်ရေးတဲ့ https://myanmargazette.net/71325/creative-writing/drama-essays-humor-memoirs-novel-excerpts-short-stories ဒီပို့စ်လေးကို ဖတ်ကြည့်ပြီး ဒီပို့စ်နဲ့ အကျယ်တစ်ဝင့်ပြောမှ ဖြစ်မှာမို့ ကော်မန့်မပေးတော့ပဲ ခေါင်းစဉ်ပြောငိးလိုက်တာပါ….။ ကျွန်တော်တို့နယ်မှာကတော့ စည်ပင်သာယာနယ်နမိတ်ထဲမှာရှိတဲ့လုပ်ငန်းတွေကို နှစ်စဉ်လေလံ ပစ်ပါတယ်..။ လုပ်ငန်းတစ်ခုကိုတစ်ဦးထဲကိုပဲ လုပ်ပိုင်ခွင့် (တစ်နှစ်စာ) ပေးထားလိုက်တာပါ…။ ဥပမာပေါ့ဗျာ…. သားသတ်လိုင်စင်မှာ အမဲက တစ်ဦး ဝက်သားအတွက်က တစ်ဦး ဆိတ်သားအတွက်တစ်ဦးပေါ့…။ အဲ ဈေးကောက်က တစ်ဦး ရပ်နားခွန်ကောက်မှာကတစ်ဦးပေါ့..။ ဒီလုပ်ငန်းက စားသာမှန်းသိတော့ လုပ်ပဲသူ လေလံ ဆွဲတဲ့သူက တော်တော်များရှိတယ်..။ ဒီတော့ လိုင်စင်ရဖို့အတွက် သူ့ထက်ငါ အပြိုင်အဆိုင်ဈေးပိုပေးဆွဲကြတာပေါ့ ဗျာ…။ တစ်ခါတစ်လေ ကြမ်းခင်းဈေးထက် […]