စပယ်ပွင့်ဖြူလွှလွှလေးတွေကို သီကုံးနေသော သူမသည် အသက်အရွယ်အားဖြင့် လေးဆယ်ငါးနှစ်ကျော်ချေပြီ။ ခုချိန်ထိတော့ အပ်သေးသေးလေးရဲ့အပေါက်အတွင်းသို့ အပ်ချည်မျှင်ကလေး ထိုးထည့်သွင်းရသည်ကို ဖြောင့်ဖြောင့်တန်းတန်း လုပ်နိုင်နေတုန်း ဖြစ်သည်။ စပယ်ဖြူဖွေးဖွေးတွေ အပြည့်ရှိသော ပလပ်စတစ်ခြင်းကလေးတွေ နှစ်လုံးသုံးလုံးက အနားတွင်ရှိနေ၏။ သည်လိုဆိုလျှင် သူမသည် မနက် သုံးနာရီ ကျော် လေးနာရီလောက်ကတည်းက အိပ်ယာမှထကာ စပယ်ပွင့်များကို ခူးခဲ့ရပေလိမ့်မည်။ စပယ်ရနံ့တွေ ကျွန်တော့်ရှူရှိုက်မိသည်နှင့် အိပ်ယာမှ ဆက်ခနဲနိုးလာခဲ့သည်။ တပေါင်းလ မနက်ခင်းသည် အေးနေဆဲဖြစ်သည်မို့ တဘက်စောင်ပါးပါးတစ်ထည်ကို သူမခန္ဓာကိုယ်ပေါ် ကျွန်တော် လွှားခြုံပေးလိုက်တော့ သူမ ကျွန်တော့်ကိုမော့ကြည့်သည်။ “ နိုးလာပြီလား အစောကြီးရှိသေးတယ်လေ ပြန်အိပ်လိုက်ပါလား“ သူမကို ကျွန်တော် ပြုံး ပြလိုက်သည်။ လတ်ဆတ်ချိုမြိန်သည့်အပြုံးကလေးက သူမအတွက် နံနက်ခင်းလက်ဆောင်ဖြစ်နေ ပါလိမ့်မည်။ ပြီးတော့ ကျွန်တော် […]