ဘာရယ်မဟုတ်ပါဘူး။ နေ့စဉ်ဖြတ်သန်းလာခဲ့ တဲ့ ဘဝတစိတ်တပိုင်းမှာ ဟိုစပ်စပ် သည်စပ်စပ် လုပ်မိတာလေးတွေထဲက တခုကိုပြောပြချင်လို့ ပါ။ (ဒီပိုစ့်ကိုတင်နိုင်အောင်အဓိကကူညီပံ့ပိုးပေးဒါက တော့ ဆရာအံစာတုံးပဲဖြစ်ပါတယ်။ မိုဇီလာနဲ့ ခါတိုင်းအဆင်ပြေပေမဲ့အက်ဒိတ်အော်တိုတက် တက်လာပြီး ဗားရှင်း သုံးဆယ့်တစ်မှာမြန်မာလို ဘာမှမမြင်နိုင်ဖြစ်သွားပြီး မူရင်းဖုန်းဘရောက်ဆာကနှေး ဂူဂယ်ရဲ့ဘရောက်ဆာဖြစ်တဲ့ခရုန်း က မှားရင် ပြန်ဖျက်မရ ပိုစ့်ရေးဖို့ဒုက္ခတွေ့နေတုံး ဆရာအံရဲ့ ဝေါပရက်ဆိုလားဘာလားနဲ့ဝင်ရေးတော့မှ အဆင်ပြေသွားလို့ ဒီနေရာမှ ကျေးဇူးတင်ရှိပါ ကြောင်း ပြောကြားလိုပါတယ်။) ဒီတော့ကျတော်ခေါင်းစဉ်နဲ့ပါတ်သတ်တဲ့အကြောင်းအရာတွေဆီ ပြန်သွားကြပါစို့။ ကျတော်တို့ငယ်ငယ်ကလေးဘဝတုန်းက ဆော့ပါတယ်။ကစားတယ်ပေါ့ဗျာ။ကျတော်တို့ ကစားနေရင် တောထဲကမိဘမဲ့ဖြစ်နေလို့ အဖေကသနားပြီးခေါ်မွေးထားတဲ့ မောင်ညို ဆိုတဲ့ မျောက်ထီးလေးက ထိုင်ကြည့်နေရပါတယ်။ ကျတော်တို့ဆော့ရင်သူက မဆော့ရဲ ပဲငြိမ်ငြိမ်လေးပဲ ထိုင်နေရရှာတယ်ခင်ဗျ။ တခါတလေကျတော်တို့ဆော့တာထိုင်ကြည့်ရင် မူးပြီးအိမ်ပေါ်ထုတ်တန်းပေါ်ကကျကျတတ်ပါ တယ်။ အဲသလိုလူကလေးတွေနဲ့ဆော့ပြီး အားမရရင် ဒါမှမဟုတ် လူကလေးတွေမရှိတော့ရင် အနားမှာရှိတဲ့သစ်ပင်တွေနဲ့အဖော်လုပ်ပြီးဆော့ ပါတယ်။အပင်တွေနဲ့ငြီးငွေ့လာရင် […]