မြသဲ ( 17082011 )November 28, 20131min38230
VIP ဟုတ်ကဲ့။ အဲဒီစကားလုံးဟာ ကျွန်မတို့လို သာမာန်ပြည်သူတွေအတွက် အတော်နားခါးတဲ့စကားလုံးပါ။ ဒါပေမဲ့လဲနှစ်ပေါင်းများစွာ အသားတကျရှိလာတဲ့စကားလုံးလေးဆိုလဲ မမှားပါဘူး။ သိပ်မဆန်းလှပေမဲ့ အတော်လေးအရေးပါတဲ့စကားလုံးလေးဖြစ်ခဲ့တာပေါ့။ VIP ခုံမို့ပါ၊ VIP လမ်းကြောင်းရှိလို့ပါ။ VIP ခရီးစဉ်မို့ပါ။ VIP လာမှာမို့ ဒီနေ့ဖျက်သိမ်းပါတယ်။ အစရှိသဖြင့် နားမဆံ့အောင်ကြားဖူးခဲ့ပါတယ်။ VIP တောင်မှ VVIP, V5IP, V9IP, V14IP အစရှိသဖြင့်ကွဲပြားသေးတယ်။ အဆင့်မြင့်ရင်မြင့်သလောက် V ကပိုသွားတာရယ်။ VIP ဆိုတဲ့စကားလုံးလေးဟာ ဘာမှအဆန်းအပြားမဟုတ်ပေမဲ့ ဒီစကားလုံးကိုကြားလိုက်ရင်ကိုပဲ အလိုလိုကိုယ်ကဘေးရောက်သွားသလိုပဲ။ အဲဒီ VIP ဆိုတဲ့ အဓိပ္ပါယ်ကိုတော့ ကလေးလူကြီးအားလုံးသိကြပါတယ်။ 👿 မနေ့ကတော့ သားကကျောင်းပိတ်တာနဲ့သူနဲ့ထိုင်စကားပြောဖြစ်တယ်။ သူ့ကျောင်းအကြောင်း သူ့သူငယ်ချင်းတွေအကြောင်းပေါ့။ အဲဒီမှာ စကားစပ်မိရင်းနဲ့ အဲဒီ VIP ဆိုတဲ့ စကားလုံးအကြောင်းရောက်သွားတယ်။ သူက အဓိပ္ပါယ် […]