မ ကျွန်တော် မ ကို အရမ်းချစ်တယ် မရယ်။ မ ရဲ့ ယဉ်ကျေးသောအမူအယာတွေက ကျွန်တော့်ကို တမ်းတစေခဲ့တာလား မရယ်။ မ ရဲ့နေပုံထုိုင်ပုံက အေးတိအေးစက်နေတတ်တယ်ဆိုတာ ကျွန်တော် သတိထားမိတာပေါ့။ အဲဒီလို နေတတ်တဲ့ မ ရဲ့ အကျင့်လေးကို ကျွန်တော်နှစ်သက် နေမိတယ်။ တခါတခါ  မ ပြောလိုက်တဲ့ စကားသံက ချိုသာလိုက်တာဗျာ။ မလိုအပ်ပဲ မ မပြောဘူး ဆိုတာကို ကျွန်တော်သိထားတယ်လေ။ ကျွန်တော်သူငယ်ချင်းတွေက  မ  အကြောင်းကို မသိတော့ ပြောကြတာပေါ့  မ က မာနကြီးတစ်ခွဲ သားနဲ့ဆိုတာမျိုး၊ ရေခဲတုံးကတောင် အရှုံးပေးရမယ်ဆိုတာမျိုးတွေပြောကြတယ်။ ဒါပေမယ့် သူတို့ မ ကို ချီးကျူးတာလည်း ရှိသေးတယ် မ ကိုကြည့်လိုက်တိုင်း တစ်ခုခုခံစားမိသလိုရှိတယ်လို့လည်း ပြောကြသေးတယ်။ […]


ကိုးကွယ်သူတို့၏ရွေးချယ်မှု ………………………………….   ယနေ့လူသားကမ္ဘာမှာမိမိတို့ကိုးကွယ်(မှိခိုဆည်းကပ်)ဖို့ရာဘာသာတစ်ခုကိုရွေးချယ်ကြသည်။ ထိုသို့ရွေးချယ်ကြရာဝယ်မိမိတို့မှန်ကန်သောရွေးချယ်မှုဖြစ်ရန်အလွန်အရေးကြီးလှပေသည်။ ဘာသာတရားဆိုပေမဲ့ပစ္စုပန်,သံသရာနှစ်ခုစလုံးအကျိုးစိပွားသက်ဆိုင်နေသည်မဟုတ်ပါလား မိမိရွေးချယ်၍ကိုးကွယ်သောဘာသာသည်မိမိအတွက်တကယ်လိုအပ်သော(အကျိုးများသော) ဘာသာတစ်ခုဖြစ်ဖို့လိုအပ်လှပေသည်။မိမိနှစ်သက်သောဘာသာဖြစ်လင့်စေကာမှု မိမိအတွက်အကျိုးမများလျှင်ပယ်စွန့်နိုင်ရမည်။ ထို့အတူမိမိမနှစ်သက်သောဘာသာဖြစ်လင့်စေကာမှုမိမိအတွက်အကျိုးများမည်ဆိုပါက ကိုကွယ်ဆည်းကပ်သင့်ပါသည်။ ယနေ့လူသားကမ္ဘာမှာဘာသာကြီးလေးခုရှိနေကြတယ်မဟုတ်ပါလား။ သို့ပေမဲ့သူတို့သူအတိုင်းတာနှင့်သူရှိနေ- ကြပါသည်။ ထိုအထဲမှမိမိကိုးကွယ်ဆည်းကပ်မည့်ဘာသာဟာမိမိသူတပါးပစ္စုပန်,သံသရာနှစ်ဖြာသော အကျိုးကိုပေးစွမ်းနိုင်ဖို့လိုပါသည်။ အများရောင်လို့လိုက်ရောင်နေရတာမျိုးမိမိတို့ရဲ့အုပ်ထိန်းသူ မိဘ ဆရာသများတွေကရွေးချယ်ဆည်းကပ်ရတာမျိုးမဟုတ်ပဲ မိမိအသိဉာဏ်နှင့်ရွေးချယ်ဆည်းကပ်တဲ့ဘာသာ တစ်ခုဖြစ်နေဖို့အင်မတန်လိုအပ်လှပေသည်။ မိမိရွေးချယ်လိုက်သောဘာသာတရားဟာလဲမိမိ သူတပါးအတွက် ပစ္စုပ္ပန် သံသရာအကျိုးများစေရမည်။ ယနေ့ခေတ်တွေမှာတိုးတက်နေသောကာလဖြစ်သည့်အလျှောက် အမျိုးမျိုးအဖုံဖုံစည်းရုန်းနေကြတာပင်၊ သို့ပေမဲ့မည်သည့်ဘာသာတရားကစည်းရုန်းသည်ဖြစ်စေ မိမိကိုပိုင်၏ဉာဏ်ဖြင့်ဆုံးဖြတ်ကာမှန်ကန်သောဘာသာတစ်ခုရွေးချယ်ဆည်းကပ်မိဖို့ပါပဲ။ စာရေးသူမှတ်သားထားသောစာသားလေးလို `မြှောက်တိုင်းလည်းမမြှောက်နဲ့၊ခြောက်တိုင်းလည်းမကြောက်နဲ့၊ ချော့တိုင်းလည်းမပျော့နဲ့၊`တဲ့ကောင်းလိုက်တဲ့စာသာလေးပါ၊ စာရေးသူငယ်ငယ်ကလည်းဒီစာသားလေးနဲ့ဘဲ အကိုတစ်ယောက်ရဲ့ဆိုဆုံးမခံယူခဲ့ဘူးသည်။ ဆိိုလိုခြင်တာကဘယ်ဘာသာကပဲမြှောက်၍ဖြစ်စေ၊ခြောက်၍ဖြစ်စေ၊ချော့၍ဖြစ်စေ စည်းရုန်းစေကာမှုမိမိကမမြှောက်မိဖို့၊မကြောက်မိဖို့၊ မပျော့မိဖို့ လိုပေသည်။ မိမိကိုးကွယ်ဆည်းကပ်ရမည့်ဘာသာကိုရဲရဲဝံ့ဝံ့ဖြင့် ကိုယ်ပိုင်ဉာဏ်သုံးကာရွေးချယ်သင့်ပေသည်။ ဗုဒ္ဓဘာသာဝင်တို့ရဲ့အားထားရာဖြစ်သော`မြတ်စွာဘုရား၏ကာလာမအမျိုးကောင်းသားတို့ကို မိန့်ကြားတော်မူသောစကားတွေဟာကိုးကွယ်ဆည်းကပ်သူတို့ရဲ့ ဘာသာရွေးချယ်နည်းများကို မိန့်ကြားထားတယ်။ မြတ်စွာဘုရားဟောတော်မူသောအဂုင်္တ္ထိုရ်ပါဠိတော် ကေသမုတ္တိသုတ်တွင် ကာလာမအမျိုးနွယ်တို့၏မေးမြန်းမှုကိုအကြောင်းပြု၍မြတ်စွာဘုရား သမာသမတ်ကျဆုံးသောဘာသာရွေးချယ်နည်းကိုဟောကြားတော်မူခဲ့ပါသည်။ ထိုဟောတော်မူအပ်သောအခြင်းအရာကိုအလေးနက်ထားပြီး ဘာသာအယူဝါဒဘာသာရွေးချယ်သူ(မှန်ကန်သော)မိမိကိုယ်ပိုင်ဉာဏ်ဖြင့် ဘာသာအယူဝါဒမရှိသူအားလုံးအတွက်ဟောကြားတော်မူခဲ့ခြင်းဖြစ်ပေသည်။ မြတ်စွာဘုရားဒေသစာရီလှည့်လည်တရားဟောရာကေသမုတ္တိနိဂုံးသို ့အရောက်တွင်ကာလာမအမျိုးနွယ်များကသူတို့ဒေသသို့ ဘာသာရေးခေါင်းဆောင်အမျိုးမျိုးရောက်လာပြီးသူ့အယူဝါဒကကောင်းတယ်၊ငါ့အယူဝါဒ- ကောင်းတယ်ဟုအသီးသီးဟောကြပြောကြသဖြင့် […]


ဘဝရဲ့စာမျက်နှာ ……………….. စိတ်ရဲ့စေလိုရာ ကောင်ကင်သစ်တဲ့ ဘာမှတော့နားမလည်ဘူး တကယ်တော့ ထင်တောင်မထင်ဘူး ချစ်သူတဲ့ ဟုတ်နိုးနိုးနဲ့ ဖြစ်ပေါ်နေတဲ့ဝေဒနာ ငါကိုယ်တိုင်မသိ မင်းရောသိလား ငါသိတာတော့ အချိန်နဲ ့သေခြင်းပဲ တရွေ့နဲ ့ကုန်ဆုံး သေခြင်းရဲ့နိဂုံးတွေ မင်းရော..ငါရော.. နီးနေပြီဆိုတာ…. …………………………


အာဇာနည်နေ့ဒို့မမေ့ …………………………. အာဇာနည်စိတ်ဓာတ် အာဇာနည်ရဲ့သွေး အာဇာနည်ရဲ့သတ္တိတွေရဲ့ဖော်ဆောင်မှု သမိုင်းရဲ့စာမျက်နှာတွေမှာ နီရဲနေတဲ့သွေးစက်တွေ စိုရွဲနေတဲ့ချွေးစက်တွေ ရောပြွမ်းလို့နေခဲ့ပြီ…..။ သမိုင်းကနေတကျော့ပြန် နီရဲနေတဲ့သွေးစက် စိုရွဲနေတဲ့ချွေးစက် ငါကိုယ်တိုင်ချေဖျက်ရမှာလား မင်းရောချေဖျက်မှာတဲ့လား ဘယ်သူဖျက်ဖျက်ငါမဖျက် ဘယ်သူဖျက်ဖျက်ငါမဖျက် ဘယ်သူဖျက်ဖျက်ငါမဖျက် သမိုင်းတစ်ခေတ်ရဲ့အာဇာနည် ပုံဖော်မည်…….. ဂုဏ်ဆောင်မည် ဒို့တိုင်းပြည်ရဲ့အာဇာနည် ဒို့တိုင်းပြည်ရဲ့အာဇာနည် ဘယ်ပုံဘယ်နည်းဖြင့်ငါမမေ့ပြီ……။ ဇွဲမာန်(အင်းဝ)   Go to this link  and leave ur comments > https://myanmargazette.net/138871/creative-writing/my-dear-diary


အလွမ်းသမားရဲ့စောင်းကြိုးခက်သံ ………………… ကောင်မလေးရယ်…… မထင်မှတ်ဘဲတွေ့ဆုံမှုက ခွဲခွာမှုရဲ့အဆုံးသက်မှာ လွမ်းတေးတွေသီဆိုခဲ့မယ်ဆိုတာ သိခဲရင်……….. ကောင်မလေးရယ်… တိတ်ဆိတ်တဲ့ချစ်ခြင်းတွေက ခိုင်မြဲတဲ့သံယောဇဉ်အမျှင်စတွေအဖြစ် ဝတ်ရည်ဖွဲ့နေခဲ့တယ်ဆိုတာ သိခဲ့ရင်………….. ကောင်မလေးရယ်…….. တွေ့ဆုံမှု့တွေက အမှတ်တမဲ့ဆိုပေမဲ့ ‘အမှတ်တရ’ဖြစ်သွားခဲ့မယ်ဆိုတာ သိခဲ့ရင်……….. ခုတော့…………. ကာရံမညီတဲ့တေးသွားတွေနဲ့ ကွဲအက်နေသောဒဏ်ချက်တစ်ခုကို ငါဘယ်လိုဖြေသိမ့်ပေးရမလဲ………။


နွေ ……………. ဖြေးညင်းစွာတိုက်ခက်လာသော လေပြေကလေးကြောင့် ဝါကြင်ကြင်အရောင်သန်းနေတဲ့ သစ်ရွက်ကလေးကြွေလွင့်သွားခဲ့ သာယာညိမ့်ညောင်းတဲ့ ဥဩငှက်တို့ရဲ့အော်မြည်သံ လွမ်းမောစရာအဖြစ်ထင်ကျန်ရစ်စေခဲ့၊ ပူပြင်းနေသောနေမင်းရဲ့စွမ်းအင်တွေကြောင့် ခြောက်သွေ့သောသစ်ရွက်တို့ရဲ့ ရယ်မောသံတွေကြားနေရပြန်ပြီ ဪ……….နွေ…ဆိုတာ ရွဲနစ်နေတဲ့ချွေးတွေနဲ့အတူ လွမ်းမောစရာကဗျာတစ်ပုဒ်အဖြစ် ကျန်ရစ်စေခဲ့ပါလား……………..။   ဇွဲမာန်(အင်းဝ)


“လာခဲ့ပါတော့……လေပြေရယ်”   …………………………………….. ပူလောင်တဲ့နွေရဲ့ပုံဖော်မှု ခြောက်သွေ့သောရွက်ဟောင်းတွေကြားမှာ နုညံ့တဲ့ရွက်သစ်တွေက တောင်းဆိုမှုတစ်ခုပြုလုပ်ဖို့ စည်းရုံးမှုတွေပြုလုပ်နေခဲ့ပြီ…။ မကြာခင်ကြွေလွင့်ရမည့် ရွက်ဟောင်းတို့ရဲ့စီးချင်းသံကလည်း တားဆီးမှုအသံတွေအပြည့်ပါလေရဲ့…။ မကြာခင်ကျရောက်မည့်………. ဆန့်ကျင်ဘက်စီးချင်းတို့ရဲ့အဓိကတိုက်ပွဲက ပွဲကြည့်သူပရိတ်သက်ရဲ့နှလုံးသားကို ဖမ်းယူညို့စားစေနိုင်ခဲ့ပြီ…။ အဆုံးသက်နိုင်ပွဲရဲ့ရလဒ်က ဘယ်သူများဖြစ်နေမလဲ… (သို့မဟုတ်) နုညံ့တဲ့ရွက်သစ်တို့ရဲ့တောင်းဆိုမှု ကြမ်းတမ်းခြင်းကင်းမဲ့စွာ လေပြေကလေးများရောက်လေမလား ကြွေလွင့်ခြင်းရွက်ဟောင်းတို့ရဲ့တားဆီမှုအဖြစ် စီးချင်းသံတွေကကျယ်လောင်နေမလား ရင်တထိတ်တထိတ်နားထောင်ခဲ့ရတဲ့ ပွဲကြည့်ပရိတ်သက်တို့ရဲ့နှလုံးသား ခုတော့……………………. အေးချမ်းခြင်းနဲ့အနားယူခဲ့ရပြီ..။ နုညံ့တဲ့သစ်ရွက်ကလေးတို့တောင်းဆိုမှုအဖြစ် လေပြေကလေးကညင်သာစွာ တိုက်ခက်နေပြီလေ…..။   (အမေစုကိုဂုဏ်ပြုလျှက်)  


ဒီနေ့လည်းစကားစပ်လို့ပြောရအုံးမယ်..ဗျ ကျွန်တော်ဒီနေ့ဘုန်းတော်ကြီးတစ်ပါးဈာပနကိုလိုက်ပို့တယ်။ ဆရာတော်ဘုရားကြီးဟာဒက္ခိဏာရာမဘုရားကြီးတိုက်ကလေ တပည့်သာဝကသံဃာတော်တွေနှင့်ဆွေမျိုးမိတ်ဆွေအပေါင်းသင်းတွေက ဆရာတော်ဘုရားကြီးရဲ့အဂ္ဂိဈာပနကိုနောက်ဆုံးပူဇော်ခြင်းဖြင့်လိုက်ပူဇော် ခြင်းဖြင့်လိုက်ပူဇော်ကြတယ်…။   ကျွန်တော်တို့လိုလူငယ်တွေရဲ့စိတ်အလိုကတော့ပျော်စရာပဲပေါ့ လူအများကြီးနဲ့ပျော်ပျော်ပါးပါးကြီးလိုတွေးမိသေးတယ်။ သံဝေဂယူစရာဖြစ်ပေမဲ့သံဝေဂမယူဖြစ်ဘူးလေ… မာဃလုင်ဝေယျဝစ္စဗျောအဖွဲ့ကလည်းသံဝေဂတီးလုံးတွေနဲ့မြိုင်မြိုင်ဆိုင်ဆိုင် သားတော်ရဓမ္မစင်္ကြာအသင်းကလည်းသံဝေဂတရားသံတွေရွတ်ဖတ်လို့ လူငယ်တစ်ယောက်ရင်ထဲမှာဘယ်လိုဖြစ်နေပါလိမ့်ပျော်စရာလား သာယာသံသောအသံတစ်ခုပင်လား..ခွဲခြားဖို့ရာမလွယ်ကူ…. အပေါင်းသင်းသူငယ်ချင်းတွေနဲ့ကားပေါ်မှာဟေးလိုက်ဟားလိုက် စီးချက်ဝါးချက်ဖြစ်နေလိုက်တာဆရာတော်ဘုရားများထပြီးမြင်လိုက်ရင်တော့ အင်း…..လွယ်လ်ိမ့်မယ်မထင်၊ ပြေးရဖို့သာဖြစ်လိမ့်မယ်ဗျ..။ “ငါကတော့သူတို့များသံဝေဂရပါစေတော့လို့”ပြောလိမ့်မယ်ထင်တယ်ဗျ..။ စိတ်ဆိုတာမှန်ရခက်သားဗျ…သိပ်မကြာခင်မှာ ဆရာတော်ဘုရားရဲ့ အလောင်းတော်ထုတ်လာတော့…ဝုန်း….ဝုန်း…ဆိုတဲ့ဗုန်းဖောက်သံကြား တော့ရင်ထဲမှာတုန်သွားတာပဲ…။ ဧကန်တွေ့ရမည့်သေဘေးကြတော့ တွေးပြီးမကြောက်မိဘဲ သူ့အလုပ်သူလုပ်နေသော ဗုန်းသံကိုတော့ ကြောက်နေမိတယ်.။ ကျွန်ဖျက်ကနဲ့တွေးမိလိုက်တယ်လေ အော်…ငါလည်းတနေ့သေရမှာပါလားလို့…။ သိပ်မကြာလိုက်ပါဘူး ကျွန်တော်တို့ကားရပ်ထားတဲ့ဘေးနားက လ္ဘက်ရည်ဆိုင်က  အဆိုတော် မီးအိမ်ရှင် သီချင်းဖွင့်လိုက်တော့ ခုနသံဝေဂရမလိုစိတ်လေးပျောက်က သံစဉ်ရဲ့နောက်သို့လိုက်မိပြန်ပါကော ဒီနေရာမှာ သင်္ခါရ သဘောတရားတွေဖြစ် ပျက်နေလိုက်တာ မသိလိုက်မိဘူး..အသိဉာဏ်ကနည်းသေးတာကိုး…။ ဒါနဲ့ ကျွန်တော်တို့ကားလေး ဘုရားကြီးရှေ့မုခ်ကနေရှေ့ထွက် ပြီးတောင်မြင့်သုဿာန်ဘက်သို့ဖြည်းဖြည်းချင်းမောင်းနေတဲ့အချိန် ဝီ….ဝီ…ဆိုပြီးအုတ်ဩဆွဲသံတွေကြရပြန်တော့ကိုယ့်ကားတွေဆီက တော့မဖြစ်တန်ရာဆိုပြီးလိုက်ကြည့်မိတယ်…။ သူတို့မှာလည်းကျွန်တော်တို့လိုပါလား…။ ကားတန်းကြီးကအရှည်ကြီးနဲ့ဒါပေမဲ့သူတို့ကသေတဲ့လူဟာလူသား ဖြစ်ဖြစ်များတယ်ဘာလို့လဲဆိုတော့ ပို့တဲ့သူတွေကလူတွေကများတယ်လေ ကျွန်တော်တို့ကသံဃာတော်တွေသူတို့မှာလည်းကျွန်တော့်လိုဖြစ်နေတဲ့သူ တွေပါတယ်ဗျ..နောက်ကားတွေပေါ်မှာဟေးလိုက်ဝါးလိုက်ဘာသံဝေဂဖြစ် နေပုံမပါဘူး။ […]


စပ်မိစပ်ရာဆိုတဲ့အတိုင်းပြောရအုံးမယ်၊ ကျွန်တော်တနေ့က သူငယ်ချင်းတွေနဲ့အတူလ္ဘရည်ဆိုင်ဆီသို့ထွက်လာခဲ့တယ်။ ဆိုင်ထဲမှာလဲလူတွေကအပြည့်ပေါ့ မထင်မှတ်တဲ့မြင်ကွင်းလေးကတွေ့ကြုံလာခဲ့တယ်လေ။ အဲဒါကတော့ လ္ဘရည်ဆိုင်ထဲမှာရုတ်ရုတ်ဖြစ်နေတာပါပဲ၊ကျွန်တော်လည်းဘာဖြစ်တာလဲပေါ့ အဲကလေးတစ်ယောက်ကိုဆိုင်ကအမတစ်ယောက်ပြောနေတာကိုး ကလေးဆိုပေမဲ့ ဆယ်နှစ်လောက်တော့ရှိနေပြီထင်ပါရဲ့ ဘာဖြစ်တာလဲလို့မေးကြည့်တော့ ဆိုင်ထဲကိုလာတောင်းနေတာတဲ့ အစကတော့ အော် ဒီလိုကိစ္စတွေက အများသားပဲဆိုပြီး ဒီတိုင်းနေလိုက်တယ်၊ နောက်တစ်ခါပြန်ဖြစ်နေတယ်၊ ကျွန်တော်လည်းဒီတစ်ခါမနေနိုင်တော့ဘူးလေသေချာကြည့်လိုက်တာပေါ့ ဒိုင်းဆိုသလို ကျွန်တော့်ရင်ထဲမှာတုန်လှုပ်သွားတယ်။ ဘာဖြစ်တာပါလိမ့် ဘာဖြစ်ရမှာတုန်း ကလေးကပိုလီယိုလေးလေ အော်တကယ်မရှိလို့ဟ ကလေးတကယ်ဆာနေမှာပဲဆိုပြီးမသိစိတ်ကသနားလာမိလာတယ်၊ အဲဒါနဲ့ဆိုင်ကအမတစ်ယောက်ကိုပြောလိုက်တယ် အဲဒီကလေးစားချင်တာကျွေးလိုက်ပါ ကျသင့်ငွေ ကျွန်တော်ရှင်းမယ်လို့ပြောလိုက်တယ်။ ကျွန်တော်မထင်ထားဘူး သူြူပန်ပြောလိုက်တာက”ကျွေးချင်ရင် ကိုယ်တိုင် ထကျွေးတဲ့ ရွံ့တယ်၊ မကျွေးနိုင်ဘူး “တဲ့။ ဒါနဲ့ကျွန်တော်တခြားတစ်ယောက်ကိုခေါ်ပြီးကျွေးခိုင်းရတယ်ဗျာ။ တခါတလေမှာမထင်မှတ်တဲ့အရာတွေကထူးဆန်းသလိုဖြစ်နေတယ်။</h6%