“ကျွန်တော်တို့ချစ်သောမန္တလေး“ ………………………………………….. “မန္တလေး“လို့ဆိုလိုက်လျှင်ဖြင့်“အုပ်ကျစ်ကျော်အေးမန္တလေး“ဆိုတဲ့ဆိုရိုးစကားလေးကအတွေးကမ္ဘာထဲဝင် ရောက်လာခဲ့သည်။ “အုပ်က-၁၊ကျစ်က-၂၊ကျော်က-၂၊အေးက-၁။ဟုအလွယ်မှတ်သားလွယ်အောင်“မန္တလေး“ ခေါ်ရတနာပုံနေပြည်တော်ကြီးကိုတည်ထောင်ခဲ့တဲ့နှစ်ပင်မဟုတ်ပါလား။ ၁၂၂၁-ခုနှစ်မှာရတနာပုံမန္တလေးမြို့ကို မင်းတုန်းမင်းကြီးတည်ဆောက်ကာသာယာလှပသောနန်းတော်တစ်ခုဖန်ဆင်းခဲ့သည်။ တပြိုင်နက်တစ်ချက်တည်းဖန်ဆင်းတော်မူခဲ့သော“မြို့တော်၊ကျုံးတော်၊စေတီတော်၊သိမ်တော်၊ကျောင်းတော်၊ ပိဋကတ်တော်၊သုဓမ္မာဇရပ်တော်ဟူသောဤခုနှစ်ဌာနကိုတပြိုင်နက်တချက်တည်းဖန်ဆင်းတည်ထောင်ခဲ့သော- မန္တလေးရတနာပုံနေပြည်တော်ကြီးဟာယခုုဆိုလျှင်နှစ်ပေါင်းတစ်ရာ့ငါးဆယ်ကျော်လွန်ခဲ့ပြီးဒီလိုနှစ်ပရိစ္ဆေဒ- ကျော်လွန်ခဲ့ကြပေမယ့်တိုးတက်နေဆဲ၊ စည်ပင်နေဆဲ၊လှပနေဆဲဖြစ်သည်။ကမ္ဘာလှည့်ခရီးသည်တို့ရဲ့အားထားရာဖြစ်တဲ့မန္တလေးမြို့တော်ကြီးဟာကျော်ဇောခြင်းဂုဏ်ဒြမ်တွေနဲ့ပေါင်းစည်းကာ မြန်မာကိုကမ္ဘာကသိနိုင်ခဲ့သည်။ တောတောင်သဘာဝဝန်းရံခပြီးရှုချင့်စဖွယ်ရှု့ခင်းတို့ရဲ့ပြည့်စုံမှုကလည်းတနည်းတဖုံမန္တလေးမြို့တို့ရဲ့အလှတရားတွေကိုဖော်ထုတ်နေတဲ့ခဲ့သည်။ ဒီလိုပြီးပြည့်စုံတဲ့မန္တလေးမြို့တော်ကြီးကိုချစ်ခင်ကြတဲ့သူတွေဟာအများပင်။ဒီထဲမှာစာရေးသူကိုယ်တစ်ဦးအပါဝင်ဝင်ရောက်နေခဲ့ပြန်သည်။ ငယ်ငယ်ကအကိုတစ်ယောက်ရဲ့ခေါ်ဆောင်မှုကြောင့်မန္တလေးမြို့ကြီးကိုရောက်ခဲ့ရပြီးသာယာလှပတဲ့မြင်ကွင်းတွေကိုမြင်တွေ့ရတာလည်းမမေ့နိုင်မမောနိုင် ပျော်ရွှင်ခြင်တွေကိုခံစားခဲ့ရသည်။ ရတနာမြို့တော်ဟုဆိုလင့်ကစား“ရတနာ“တွေပေါင်းစုနေတဲ့ဒီမန္တလေးမြို့ရဲ့အထင်ကရရတနာအပါဝင်မန္တလေးမဟာမြတ်မုနိုဘုရားကြီးဟာလည်း ကြည်ညိုသပါယ်စရာဖြစ်ခဲ့သည်။ အကိုရဲ့ခေါ်ဆောင်ရာနောက်ကိုလိုက်ပြီးအကိုရှင်းပြတဲ့စကားကို နားထောင်ကာကြည်ညိုစရာမဟာမြတ်မုနိမြတ်စွာဘုရားကြီးကိုအကြာကြီးဖူးတွေ့ခဲ့ရသည်။ ဒီလိုတင့်တယ်သပ္ပါယ်လှစွာမြတ်ဗုဒ္ဒကိုဖူးတွေ့ရတော့ကြည်နူးခြင်းပီတိတွေကကျွန်တော့်ရင်ထဲသို့ တဖွဖွစိမ့်ဝင်နေခဲ့ပြန်သည်။တင့်တယ်သပါယ်လှတဲ့မဟာမြတ်မုနိရုပ်ရှင်တော်စွာဘုရားကြီးကိန်းဝပ်စံပယ်ရာ ကန္ဓကုဋီတိုက်ကြီးဟာလည်းရှေးလက်ရာတို့ရဲ့ကနှုတ်ပန်းတွေနဲ့အပြိုင်အဆိုင်လှပဆွဲဆောင်နေခဲ့ပြန်သည်။ ဖူးတွေ့မဝ၊ကြည့်ရှု့မဝ၊လှပတင့်တယ်ခြင်းတွေနဲ့ပြည့်စုံသောမဟာမြတ်မုနိမြတ်စွားဘုရားကြီးကိုဖူးကြသော အနယ်နယ်အရပ်ရပ်ဘုရားဖူးတို့ရဲ့ပုံရိပ်တွေကလည်းမြတ်ဗုဒ္ဓရဲ့အာဝါသအောက်ခုံလှုံနေကြသူတို့ပီပီ၊ မျက်နှာပုံရိပ်တွေမှာလည်းအေးငြိမ်းမှုတွေပေါ်လွင်နေခဲ့သည်။ကမ္ဘာလှည့်ခရီးသည်တို့ရဲ့အံ့ဩခြင်း၊ ပျော်ရွှင်ခြင်းပီတိလှိုင်းဂယက်တွေကမျက်နှာတွေပေါ်ထင်ဟက်လာကြပြီးတွေ့မြင်သူကျွန်တော်တို့လိုဘုရားဖူးတွေကို သူတို့ရဲ့ဘာသာစကားဖြင့်နုတ်ဆက်နေခဲ့ပြန်သည်။ ဪ……..ကြည်နုူူးစရာပုံရိပ်တွေပါလား။ တွေ့ရာမြင်ရာပုံရိပ်တွေကကျွန်တော့်ကိုဆွဲဆောင်သိမ်းသွင်းနိုင်ခဲ့ပြီး“မန္တလေးမြို့တော်“ဆိုတဲ့စကားသံကြီးက ရင်ထဲကိုပဲ့တင်ထက်နေခဲ့သည်။အကိုယ့်ရဲ့နောက်ကိုလိုက်ရင်းရှု့မဝ၊ဖူးတွေ့မဝတဲ့မဟာမြတ်မုနိမြတ်စွာ ဘုရားကြီးကိုဝမ်းနည်းစွာနှင့်ထားခဲ့ရသည်။ “မင်း…အစပဲရှိသေးတာ“ဆိုတဲ့စကားဟာကျွန်တော့်ကိုပိုပြီးပျော်ရွှင်စေခဲ့သည်။ အစဖြစ်တဲ့မန္တလေးပုံရိပ်တွေကကျွန်တော့်ကိုဒီလောက်ဆွဲဆောင်နေခဲ့ရင်နောက်ထက်မြင်တွေ့ရမယ့်ပုံရိပ်တွေကို ကျွန်တော်တွေ့ချင်မြင်ချင်စိတ်ကတဖွဖွဖြစ်နေခဲ့သည်။ရောက်တဲ့အရပ်ရောက်တဲ့နေရာတွေမှာပြောပြရှင်းပြတဲ့အကိုယ့်ရဲ့စေတနာတွေနှင့်အတူ မန်းမြေရဲ့ပုံရိပ်တွေကိုကြည့်ရင်းပျော်ရွှင်နေခဲ့သည်။ “အဲဒါပဲကွ…ဈေးချို..ဆိုတာ“ကျွန်တော်ဆိုရင်ကြားဖူးနားဝရုပ်ရှင်တွေ၊စာအုပ်တွေထဲမှာတွေ့ရပေမယ့်ယခုလို ခံ့ခံ့ငြားငြားအဆောက်အအုံတွေရှေ့မှာရောက်ရလိမ့်မယ်လို့မထင်မိ။မော့ကြည့်ရခဲ့ရတဲ့“ဈေးချိုတော်“ အဆောက်အအုံကြီးကခံ့ငြားထည်ဝါလှပါဘိနဲ့၊ကြည့်မဝ၊ရှုမဝဖြစ်နေခဲ့ရပြန်သည်။ လိုအပ်နေတဲ့အရာလေးတွေဝယ်ဖို့အတွက်ဈေးချိုရုံကြီးထဲကိုဝင်လိုက်ပြီဆိုလျှင်ဖြင့် ဖော်ရွေတဲ့မန်းသူ/မန်းသားနုတ်ဆက်သံကလည်းကျွန်တော့်ကို တနည်းတဖုံနှစ်သက်စေခဲ့သည်။“မဝယ်ရင်နေပါ၊လိုအပ်တာရှိရင်ပြောပါ၊ဝင်ကြည့်ပါ၊မေးပါစသည်ဖော်ဖော်ရွေရွေရွှေမန်းသူ/မန်းသားတို့ရဲ့ဖိတ်ကြားသံတွေ “အကိုဘာလိုအပ်သလဲ၊ဘာရှာနေတာလဲ“စသည်ပြောတက်ကြတဲ့ရွေမန်းသူ/ရွေမန်းသားတို့ရဲ့ အရင်းခံစေတနာနှင့်ကူညီတက်တဲ့စိတ်ဓာတ်တွေကိုကျွန်တော်ကြားရမြင်ရတွေ့ရတော့ပျော်ရွှင်မိခဲ့သည်။ ဝတ်ဆင်ထားတဲ့မြန်မာဆန်ဆန်အဝတ်ကလည်းရင်ဖုံးအကျႌချိတ်ထမီဟာကျက်သရေမင်္ဂလာပြည့်စုံနေသော မြန်မာအမျိုးသမီးတို့ရဲ့ဂုဏ်ပုဒ်တွေကိုခေါ်ဆောင်ရာရောက်နေပြန်သည်။စည်စည်ကားကားပြည့်စုံလှတဲ့မန္တလေး မြို့ရဲ့ဈေးချိုရုံကြီးထဲမှာလိုအပ်နေတဲ့အရာဝတ္ထုတွေပြည့်စုံနေပါလားဆိုတာကျွန်တော်သိလိုက်ရပြန်သည်။ ခံငြားထည်ဝါးလှတဲ့အဆောက်အအုံပြီးပြည့်စုံတဲ့အရာဝတ္ထု၊ဖော်ဖော်ရွေရွေဆက်ဆံတက်တဲ့ရွှေမန်းသူ/ရွှေမန်းသားတွေဟာ ေ ရာက်လာသူမှန်သမျှလိုအပ်နေသောအရာဝတ္ထုတို့ကိုပြည့်စုံစေနိုင်ခဲ့သည်၊ကျေနပ်စေနိုင်ခဲ့သည်၊ ပျော်ရွှင်စေနိုင်ခဲ့သည်။ လိုအပ်တဲ့အရာဝတ္ထုလေးတွေဝယ်ခဲ့ကြပြီးညီအကိုနှစ်ယောက်ဈေးချိုပေါ်မှထွက်ခဲ့ကာ“အိမ်တော်ရာစေတီတော်“ဘက်သို့ဦးတည်ခဲ့သည်။ အိမ်တော်ရာဆင်တံတား၊မိချောင်းတံတားစသည်စုံစုံလင်လင်ရှိလှသောအိမ်တော်ရာစေတီတော်မြတ်ကြီးကားတင့်တယ်သပ္ပါယ်လှစွာဖူးတွေ့ခဲ့ရသည်။ […]


ရည်ရွယ်ချက်ဖြင့် ဘဝကို ဖြတ်သန်းခြင်း ……………………………………………………………………. တနေ့တနေ့ တနေဝင်တနေထွက်နဲ့ အချိန်ရဲ့လည်ပတ်မှုကြီးဟာသိသာသလိုနဲ့ မထင်ရှုားဘူးဖြစ်နေတယ်။  မနက်လင်းလာပြီဆိုလာလျှင်ဖြင့်ကိုယ့်ဘဝကိုသံပတ်ပေးထားသလိုလည်ပတ်နေတာမှန်ပေမယ့် ဘာတွေလည်ပတ်နေတာမှန်းကိုယ့်ကိုယ်ကိုသတိမထားမိခဲ့ဘူး။ နံနက်ခင်းမျက်စိနှစ်လုံးအလင်းရပြီဆိုတာနဲ့ ဘဝရဲ့စားဝတ်နေရေးအတွက်လုပ်နေရသူတွေတိုးတက်ရေးကျန်းမာရေးဘာရေးညာရေးစသည် လုပ်နေသူတွေအားလုံးလိုလိုလုပ်နေကြတာပါပဲ။ဒါပေမယ့်ကျွန်ုပ်ကိုယ်တိုင်ကတော့ ဘာအတွက်လုပ်နေတယ်ဆိုတာမသိခဲ့ဘူး၊မလုပ်ခဲ့ဘူးလားဆိုတော့မဟုတ်ပါဘူးလုပ်နေပါတယ်။ အရင်ကလုပ်နေကျအလုပ်တွေရောခုမှပေါ်လာတဲ့အလုပ်တွေရောလုပ်နေတယ်။ သို့ပေမယ့် တစ်ယောက်ယောက်ကကျွန်ုပ်ကို“မင်းဘာလုပ်နေတာလဲ”လို့မေးခဲ့ရင် အလုပ်လုပ်နေတယ်ဆိုတာကလွဲပြီးဘာမှဖြေစရာမရှိ။ နောက်တစ်ခု“ဘာအတွက်လုပ်နေတာလဲ” လို့ထပ်မေးရင်ကျွန်ုပ်ဖြေတတ်မှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ကျွန်ုပ်ကို ကျွန်ုပ်ဘာအတွက်လုပ်နေတယ်ဆိုတာမသိလို့ပါပဲ။ လူတစ်ယောက်မှာရည်ရွယ်ချက်တစ်ခုတော့ ထားသင့် တယ်လို့ ပြောကြတယ်။ ရည်ရွယ်ချက်မရှိတဲ့သူဟာတိုးတက်မှုဆိုတာမရှိဘူးတဲ့။ သေနေတဲ့သူ၊ ဒီစကားတွေ တကယ်မှန်တယ်ဗျ၊ဦးတည်ချက်သို့မဟုတ်ရည်ရွယ်ချက်မရှိသောသူဟာဘယ်ကိုသွားပြီးဘာတွေလုပ်ရမှာလဲ၊ ဘာအတွက်လုပ်ရမှာလည်းဆိုတာတွေသူ့မှာအမြဲရှိနေတယ်။ငါဘာလုပ်ရမှာလဲ၊ဘယ်သွားရမှာလဲ၊ ဘာအတွကအလုပ်လုပ်ရမှာလဲစသည်သူ့မှာမေးခွန်းပေါင်းမြောက်များစွာမေးနေရလိမ့်မယ်။ အဲဒီမေးခွန်းတွေမေးနေရင်းနဲ့ပဲသူ့ရဲ့ဘဝတွေကုန်ဆုံးသွားရတာပါ။ ဦးတည်ချက်သို့မဟုတ်ရည်ရွယ်ချက်ရှိသောသူမှာတော့ဘာမေးခွန်းမှမေးစရာမလိုသလိုဖြေစရာလည်းမလိုဘူး။ သူ့မှာသွားရမယ့်ဦးတည်ချက်သို့မဟုတ်ရည်ရွယ်ချက်ရှိနေတော့သူ့ရဲ့ဦးတည်ချက် သို့မဟုတ် ရည်ရွယ်ချက်မရောက်မချင်းသွားနေမှာပါပဲ၊ ရောက်နေရင်လည်းနောက်ထပ်တစ်ခုသွားနေမှာမလွဲဧကန်ပါ။ ဦးတည်ချက်သို့မဟုတ်ရည်ရွယ်ချက်ရှိသောသူတွေမှာဘာချို့ယွင်းချက်မှမရှိပေတော့ဘူးလားဆိုတော့ မဟုတ်ပေဘူးရှိပါတယ်။သူတို့ရဲ့ချို့ယွင်းချက်ကတော့ဦးတည်ချက်သို့မဟုတ်ရည်ရွယ်ချက်ရွေးချယ်တဲ့နေရာမှာမှားယွင်းခြင်းပါပဲ။ ကိုယ့်ရည်ရွယ်ချက် ယုံကြည်ချက်ဖြင့်လုပ်နေသောအရာဝတ္ထုတစ်ခုခုမှာရွေးချယ်မှုမမှားဖို့အရေးကြီးသောအရာတစ်ခုပင်။ ရွေးချယ်မှုမှားယွင်းပြီးလမ်းဘေးရောက်သွားသူတွေ ပျက်စီးသွားရတဲ့သူတွေအများသားတွေ့မြင်နေရသည်။ ကိုယ်ရွေးချယ်လိုက်သောအရာဝတ္ထုမှာမှန်ကန်မှုရှိရဲ့လားဆိုတာဆန်းစစ်မှုရှိဖို့ လိုပေတယ်။ မှန်ကန်မှုရှိခဲ့ရင် ရည်မှန်းချက်ရောက်အောင်သွားဖို့အရေးကြီးသလို၊မှားယွင်းမှုတစုံတရာရှိခဲ့ရင်လည်းရပ်တန့်ပစ်ဖို့ အင်မတန်မှအရေးကြီးလှပါတယ်။တချို့ကမိမိလုပ်နေသောအရာဝတ္ထုဟာမှန်ကန်မှုမရှိမှန်းသိပါလျှက်နဲ့ တွယ်တာမှုသံယောဇဉ်တွေဖြစ်ပေါ်လာပြီးမိုက်ရူးရဲဆန်ဆန်လုပ်တတ်ကြတယ်။ ဒါဟာမိမိကိုယ်ကိုမိမိဖျက်စီးရာရောက်နေသလိုဖြစ်နေတယ်။ “ကောင်းလျှင်တွယ်၊ မကောင်းလျှင်ပယ်” ဆိုသည့်အတိုင်း               မိမိလုပ်နေသောအရာဝတ္ထုသည်ကောင်းမွန်သောအလုပ်ဖြစ်လျှင် […]


လှုပ်ပြန်ပြီဟေ့…လှုပ်ပြန်ပြီး……… လက်တွေရောခံစားလိုက်ရပြီဆိုတော့ ကောလာဟာလကြားရင်ဆိုပဲ နဲနဲကြောက်လာပြီ၊ ဒါကမဆန်းပါဘူး ပုထုဇဉ်လူသားဆိုတော့အကြောက်တရားကမကင်းသေးဘူးလေ၊ ခုလိုမထင်မှတ်ပဲဖြစ်သွားတက်တဲ့သဘာဝဘေးဆိုတော့လည်းဘာမှမတက်နိုင်ပါ၊ ဒါပေမယ့် သိကြတဲ့အတိုင်း ပုထုဇဉ်လူသားပီပီ အထူးဆန်းဖြစ်နေတော့ ကြောက်လည်းကြောက်ညဉ့်လေးကလည်းစပ်စူချင်ဆိုတော့ ငလျင်လှုပ်ပြီဆိုကတည်းက လိုင်းပေါ်ချည်းတက်နေခဲ့တာ ဘယ်ချိန်မှာငလျင်လှုပ်အုံးမှာလဲ၊ ဘာကြောင့်ငလျင်လှုပ်တာလဲဆိုတာလိုက်ရှာနေတာသတင်းတွေကအစုံဆိုပါပဲ၊ သို့ပေမယ့်… ကိုယ်ကပဲမရှာတက်လားမသိဘူး၊ ဘာကြောင့်ငလျင်လှုပ်တာလဲဆိုတာမတွေ့မိဘူး၊ ငလျင်လှုပ်ရခြင်းအကြောင်းလည်းမသိဘူးလေ၊ဒါနဲ့ဘဲစူးစမ်းချင်သည့်ညဉ့်အတိုင်း ဟိုရှာသည်ရှာနဲ့လိုက်ရှာနေမိတာဖြစ်ချင်တော့အရင်တခါကငလျင်လှုပ်တုန်းကမှတ်သားထားသည့် အကြောင်းအရာလေးတွေကိုယ့်စာအုပ်ထဲမှာတွေ့ရတော့ဝမ်းသာလို့မဆုံးပေါ့၊ ဒါနဲ့ကိုယ့်လိုသိချင်သည့်စာဖတ်ပရိသတ်လည်းရှိမှာပဲဆိုပြီးသိထားတဲ့ ငလျင်လှုပ်ခြင်းအကြောင်းလေးကိုမျှဝေလိုက်သည်……..။ မြေလှုပ်ခြင်း (၃)မျိုး …………………………. (၁) သံကမ္ပိ=သက်၍ သက်၍ တုန်လှုပ်၏၊ (၂) သမ္ပကမ္ပိ= တက်၍ တက်၍လှုပ်၏၊ (၃) သမ္ပဝေဓိ=ဧယာဉ်ကိုလွှဲသကဲ့သို့ နွှဲ၍ နွှဲ၍လှုပ်၏..။   မြေလှုပ်ခြင်း(၄)မျိုး …………………. (၁) ဆင်ကဲ့သို့လှုပ်ခြင်း= အနောက်မြောက်ထောင့်မှ အရှေ့တောင်ထောင့်သို့လှုပ်ခြင်း၊ ရာသီအားဖြင့်-မိဿ၊ ပြိဿ၊ ပြိစ္ဆာ၊ ဤ ၃-ရာသီ၌ တနင်္ဂနွေရပ်စဉ်လှုပ်ခြင်း..၊ အကျိုးကား-မိုးကောင်းအံ့၊ လူတို့ဝပြောအံ့..။   […]


“ဆီမီးရောင်ဖြာသီတင်းကျွတ်ချိန်ခါ ´´     ဪ……..ဘာလု်ိလိုနဲ့ သီတင်းတောင်ကျွတ်ပါပြီကော…အချိန်ဟာဘာမှမဟုတ်သလို   ဟိုဘက် လှည့် ဒီဘက်လှည့်နဲ့ သီတင်းတောင်ကျွတ်ပြီ။ သီတင်းကျွတ်ပြီဆိုရင်ဖြင့် ဗုဒ္ဓဘာသာဝင်တို့ရဲ့ ဓလေ့ထုံးတမ်းစဉ်လာအနေဖြင့် တာဝတိ ံသာနတ်ပြည်မှာ လူ့ပြည်မှာနေတုန်းက အမိဖြစ်ဖူးသော သန္တုဿိတနတ်သား အမှူးပြုသောနတ်အပေါင်းတို့ကို အဘိဓမ္မာတရား ဟောကြားတော်မူသော မြတ်ဗုဒ္ဓအား ပူဇော်သက္ကာရပြုကြသည်။ မြတ်ဗုဒ္ဓဟာ မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ် သားကို(အမိကိုကျေးဇူးဆပ်ခြင်းအကျိုးငှာ) အဘိဓမ္မာတရားဝါတွင်းသုုံးလပတ်လုံး နေ့စဉ် နတ်ပြည်မှာ ဟောကြားတော်မူသည်။ နတ်ပြည်မှာ ဟောရခြင်းအကြောင်းကား အဘိဓမ္မာတရား က သိမ်မွေ့နက်နဲသောကြောင့် လူပြည်မှာ ဟောလျှင် တရားရဲ့အဓိပ္ပာယ် သိမ်မွေ့နက်နဲစွာမသိ နိုင်သောကြောင့် နတ်ပြည်မှာ အကျယ်ဟောကြားတော်မူကာ လူ့ပြည်သို့ ဆွမ်းခံကြွချိန်သာ ကြွတော်မူသည်။ ထိုဆွမ်းခံကြွချိန်၌ နတ်ပြည်မှာ နိမ္မိတမြတ်ဗုဒ္ဓကိုယ်ပွားတစ်ဆူထားရစ်ခဲ့ကာ လူ့ပြည်သို့ ဆွမ်းခံကြွတော်မူသည်။ နတ်ပြည်မှာဟောခဲ့သော အဘိဓမ္မာတရားတော်ကို အရှင်သာရိပုတ္တရာ […]


  “အလင်းတိုင်မှသည်…..အလင်းရောင်ဆီသို့” ……………………………………………………………………………………………………………. အလင်းရောင်ဟူသည်လောကလူသားတို့လိုလားတောင်းတကြသည်မဟုတ်ပါလား။ အမှောင်လောကကြီးထဲမှာလွတ်မြှောက်ဖို့အလင်းရောင်ကိုတောင်းတခဲ့ကြ၏။ ထိုအလင်းရောင်သည်အမိုက်မှောင်လောကကြီးကိုဖြိုခွဲနိူင်စွမ်းရှိလေသည်။ အလင်းရောင်ရရှိဖို့အတွက်အမျိုးမျိုးဖုံဖုံကြံစည်ကြံဆကြပေသည်။နည်းစနစ်အဟောင်း အသစ်တွေအမျိုးမျိုးအဖုံဖုံတွေ့မြင်နေကြရသည်။ သက်ရှိ/သက်မဲ့ဖြစ်စေအမှောင်လောက ကြီးထဲမှာမဖြစ်စေလိုအားလုံးလိုလိုမြင်တွေ့စေဖို့အလင်းရောင်ကိုဖန်တီးကြသည်။ ထိုအလင်းရောင်တွေဟာလောကရုပ်ဝတ္ထုမြင်နိူင်စေဖို့ကြံစည်ကြံဆတွေးတောကြခြင်းဖြစ်သည်။ အလင်းရောင်အမျိုးမျိုးအဖုံဖုံရှိကြသည်အနက်ဘဝများစွာတို့ကိုအလင်ရောင်ဖြန့်ဝေပေးနေသည့်အလင်းတိုင်တစ်တိုင်၏စွမ်းအားကားမည်မျှကျယ်ပြန့်ပုံကိုစာရှု့သူအားဝေငှပေးချင်နေမိသည်။ ထိုအလင်းတိုင်အဖြစ်ထွန်းညှိလိုက်သူကအခြားမဟုတ်တပည့်တွေကိုမွေးထုတ်ပေးနေတဲ့ဆရာသမားများပင်ဖြစ်သည်။ သူတို့ထွန်းညှိလိုက်သောအလင်းတိုင်တစ်တိုင်ကြောင့်များစွာဘဝတို့ရဲ့အမှောင်လောကကိုချေဖျက်ခွင့်ရခဲ့လေပြီ။ အမှန်တော့ကျဉ်းမြှောင်းသေးငယ်သောအခန်းတွင်းမှာထွန်းညှိထားသောဆီမီးတစ်တိုင်၏ စွမ်းအားကမထင်ရှားပေမယ့်၊ထိုတိုင်လေးမှထွန်းညှိပွားယူလိုက်သောဆီမီးတိုင်တို့ရဲ့စွမ်း အားတွေကတော့အံ့မခန်းဖြစ်လှပါဘိ။ အားလုံးတက်ညီလက်ညီနဲ့ယိမ်းထိုးနေလေရဲ့။ တစ်တိုင်သောစွမ်းအား၏အလင်းရောင်ဟာတိုင်ပေါင်းများစွာတို့ရဲ့စွမ်းအားကိုမြင့်တင်ပေး နေခဲ့သည်။ ထိုအလင်းတိုင်လေးမှပွာယူခဲ့သောအလင်းရောင်တွေဟာတိုက်ခန်းအကျယ်ကိုလည်းမမှု့ က့မ္ဘာလောကကြီးကိုတောင်အန်တုလေနေရဲ့ထိုနည်းတူစွာကျွန်ုပ်တို့ရဲ့ဘဝတွေကိုအလင်းရောင်ပေးဝေခဲ့သောဆရာသမား မိဘတွေရဲ့ဘဝမှာကောအခန်းကျဉ်းလေးထဲကဆီမီးတစ်တိုင်ပင်လော။ အစဖြစ်တည်ပုံကဒီအခန်းကျဉ်းလေးထဲမှာပင်ဘဝရဲ့စွန့်လွတ်မှု့၊အနစ်နာခံမှုတွေရောယှက်ပြီးမေတ္တာ စေတနာတွေအပြည့်နဲ့တပည့်တိုရဲ့ဘဝတွေကိုဝေငှပေးခဲ့တာသက်ဆုံးထိတိုင်အောင်ပင်ဖြစ်နေခဲ့သည်။ ယ္ခုအလင်းတိုင်လေးအဖြစ်ရပ်တည်နေသူဆရာသမားများမှာလည်းဘဝများစွာတို့အလင်း ရောင်ဝေငှပေးနိူင်ဖို့ဘဝရဲ့စွန့်လွတ်မှု၊အနစ်နာခံမှုတွေရောယှက်ပြီးမေတ္တာစေတနာအပြည်နဲ့တပည့်ပေါင်းများစွာကိုမွေးထုတ်ပေးလိုက်ပြီ။ နှစ်ကာလဆိုသောအချိန်တွင်းမှာမျာစွာသောဘဝတွေကိုဒုက္ခအမျိုးမျိုးအဖုံဖုံကြားမှာ အလင်းရောင်တွေပေးဝေနေခဲ့သည်။ယနေ့အချိန်ထိလည်းပေးဝေနေဆဲပင်ဖြစ်ပေသည်။ နှစ်ကာလဆိုတဲ့အချိန်ကလတစ်ခုဟာနည်းသောအချိန်ကာလမဟုတ်ပေ၊ ”ရေကန်အသင့် ကြာအသင့်”ဖြစ်နေသူအဖို့အချိန်ကဘာမှမဟုတ်ပေမယ့်အုတ်မြှစ်မှစ၍အခြေတည်နေသူအဖို့ပင်ပန်းမှုဒဏ်စသည် ဒုက္ခနည်းမျိုးစုံကြားမှာရုန်းကန်ပြီးတည်ငြိမ်စွာဖြစ်နေဖို့မလွယ်ကူလှပေ။တော်ရုံတန်ရုံစိတ်ဓာတ်ဝီရိယခွန်အားနှင့်မလွယ်ကူပါ။အားလုံးကခိုင်မြဲနေမှသာ တည်ငြိမ်မှုအဖြစ်ရပ်တည်နေနိူင်မည်။သားသမီးတွေဟာမိဘရဲ့အုပ်ထိန်းမှုအောက်မှာရှိနေစဉ်၊ ဘဝကိုရှင်သန်ဖို့ရုန်းကန်လုပ်ရှားရတာတွေကိုအလေးနက်မထားကြပါ။ ကျော့ကျော့မောမောနဲ့သာကိုယ့်ဘဝတွေကိုကုန်ဆုံးစေခဲ့သည်။ ကိုယ့်ဒူးကိုယ်ချွန်ရှာရသူအဖို့သိပါလိမ့်မည်။မိဘအုပ်ထိန်းမှုအောက်မှာလွတ်လာပြီး ကိုယ့်သားကိုယ့်မယားနှင့်ဖြစ်လာပြီဆိုလျှင်ဖြင့်ဘဝရဲ့ပင်ပန်းမှုဒဏ်တွေကိုယ့်ကိုဖိစီးလာခဲ့ပြီ။ ထိုအခါမှဘဝရဲ့အရသာဟာမလွယ်ကူပါလားဆိုပြီးညည်းတွားမှုတွေနဲ့သက်ပြင်းချခဲ့ကြ သည်။မိဘနှင့်သားသမီးနှစ်ဦးသားမှာမိဘကအလင်းတိုင်အဖြစ်တည်ရှိနေကာ ထိုအလင်းတိုင်လေးမှထွန်းညှိလိုက်သောအလင်းရောင်တွေအဖြစ်သားသမီးတွေရှင်သန်လာခဲ့ကြတာပင်။ ထိုအလင်းတိုင်လေးဟာဘဝရဲ့စွန့်လွတ်မှု့၊အနစ်နာခံမှုတွေအမြဲလိုလို ခါးစည်းခံကာအလင်းရောင်တွေပေးဝေခဲ့ကြသည်။ ကျွန်ုပ်တို့အားလုံးပင်လျှင်အလင်းတိုင်လေးရဲ့စွမ်းပကားဖြင့်တောက်ပလာခဲ့သည် ၊စိုပြေလာခဲ့သည်။ထိုအလင်းတိုင်လေးတွေကိုကျွန်ုပ်တို့မမေ့သင့်ပေ။ နေမင်းကြီးသည်သူ၏အလင်းရောင်ဖြင့်ကမ္ဘာလောကရဲ့အလှပကိုမြင်စေခဲ့သလို၊ ထိုနည်းတူစွာမိဘဆရာသမားတို့ဟာလည်းကျွန်ုပ်တို့ကိုဘဝရဲ့အလှပတွေကိုမြင်စေခဲ့သည်။ “လက်ဦးဆရာမည်ထိုက်စွာပုဗ္ဗာစရိယမိနှင့်ဘ”ဆိုသကဲ့သို့မိဘဆိုတာဆရာတစ်ဆူအမည်ရှိသလို မိမိတို့ကိုအသိပညာဉာဏ်အလင်းရောင်ပေးသောဆရာသမားများကိုမိဘလို့ သတ်မှတ်ရပေလိမ့်မည်။ကျွန်ုပ်တို့မွေးဖွားပေးခဲ့သောမိဘဟာလက်ဦးဆရာပါ “ရပ်နိူင်ပေ့…………ရပ်နိူင်ပေ့”စသည်ကအစသင်ပေးခဲ့သည်မဟုတ်ပါလား။ ထိုနည်းတူစွာသိတက်သောအရွယ်၊တနည်းဆိုရသော်မူကြိုအရွယ်မှာ “ဒုတိယဆရာ”ထံသို့အသိဉာဏ်တည်းဟူသောပညာအလင်းကိုသင်စေခဲ့သည်။ ဆရာသမားများဟာလည်းအရပ်လေးမျက်နှာမှလာရောက်ကုန်သောတပည့်အပေါင်းတို့ အားစေတနာမေတ္တာအပြည့်နှင့်ဘဝရဲ့အလင်းရောင်တွေကိုဝေငှပေးခဲ့ခြင်းဖြစ်သည်။ […]