Ko chogyiSeptember 14, 20121min20217
ကျွန်တော်ရွာထဲမဝင်ဖြစ်တာ တစ်ပတ်လောက်ဖြစ်သွားပါတယ်။ အဓိကပြသနာကတော့ အင်တာနက်လိုင်း ပြတ်သွားတာပါ။ ကျွန်တော်ကအပြင်မှာလဲ ထိုင်နေကျမဟုတ်တော့ မဝငြ်ဖစ်ဘူး။ အင်တာနက်လိုင်းကို အမြန်ဆုံးပြုပြင်ဖို့ ကြိုးစားရတာပေါ့။ ကြိုးစားရတာပေါ့ဆိုတာ ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဘယ်သူကဘယ်လိုစခဲ့တဲ့ အကျင့်လဲတော့မသိဘူး၊ ကိုယ့်ကြောင့် ပြတ်တာမဟုတ်လဲ ပြင်ပေးဖို့ တောင်းတောင်းပန်ပန်ပြောရတယ်။ ပထမဦးဆုံး ဖုန်းလိုင်းပြတ်သွားပါတယ်။ အဲဒီတော့ ဖုန်းလိုင်းပျက်သွားလို့ ပြင်ပေးပါခင်ဗျာဆိုပြီး ကွန်ပလိန်းတင်ပါတယ်။ ပြီးပြီပေါ့ သူတို့ပြန်ပြင်ပေးပြီး ပြန်ကောင်း သွားတယ်ပေါ့။ မဟုတ်ပါဘူး ခဏငိုက်လိုက်တဲ့အချိန်မှာ အိမ်မက်မက်သွားတာပါ။ ဖုန်းလိုင်းကမကောင်းပါဘူး။ ကွန်ပလိန်းမေးကြည့်မိတော့ လိုင်းမင်း(Line Man) လာရင်ပြောပေးပါမယ်။ လောလောဆယ် လိုင်းပေါ်တက်မလာသေးပါဘူးတဲ့။ ဒုက်ခဘဲ အဲ့ဒီလိုင်းမင်းလိုင်းပေါ်မတက်သရွှေ့ ငါ့လိုင်းပြင်ပေးမှာမဟုတ်ဘူးဆိုပြီး လမ်းထိပ်ထွက် ကိုကိုလိုင်းမင်းဘယ်နားမှာများရှိမလဲလို့ လိုက်မေးပြီးရှာရပါလေရော။ လိုင်းမင်းကြီးနဲ့တွေ့လို့ အခုတစ်ကယ် ဖုန်းလိုင်းကောင်းသွားပါပြီ။ ဝမ်းသာအားရနဲ့ ကွန်ပြူတာလေးဖွင့် မိုဒန်း(Modem)လေး ပါဝါအွန်လိုက်တော့ ရက်ရက်စက်စက်စိမ်းစိမ်းကာကားနဲ့ လိုင်းမတက်ပါဘူးဗျာ။ အဲဒါနဲ့ […]


manawphyulayJanuary 9, 20111min1205
လူတစ်ယောက်ကို ချစ်နေရရင် လောဘတွေနဲ့ ပူလောင်ရသလို မုန်းနေရင်လည်း ဒေါသတွေက ပူလောင်စေတယ်….. ဆုတောင်းတိုင်သာ ပြည့်မယ်ဆိုရင် ငါလေ….. ဖြစ်တည်ရသမျှ ဘဝတိုင်းမှာ အချစ်မဲ့ အမုန်းမဲ့သော သူသာ ဖြစ်ရပါစေသား……။ (ခုဘဝ မဟုတ်ဘူးနော် ဟီးဟီး)