သိန်း(၅၀)တန်မွေးနေ့ပွဲကို သက်တော်စောင့်ဌား၍ကျင်းပပေးခဲ့ရတဲ့ တက်စ၏သစ်စမင်းသမီးလေး ဝါဆိုမိုးဦးပါ။ဒီသတင်းလေးကို မလေးရှားနိုင်ငံတွင်ထုတ်လုပ်ဖြန့်ချီသော Friday news journal No.18,Aug.19.2011 Celebrity News မှရရှိပါတယ်။ရွာထဲကသိချင်တဲ့သူတွေအတွက်ပါ။  ၂၀၀၈ခုနှစ် အကယ်ဒမီဗန်းကိုင်အဖြစ် ပရိတ်သတ် သတိထားမိတဲ့ဝါဆိုမိုးဦး တစ်ယောက် ဒီနေ့ဒီအချိန်မှာတော့ ကားရိုက်တွေ လက်မလည်နိုင်အောင်ဖြစ်နေပါပီ၊အောင်မြင်စပြုလာတဲ့မင်းသမီးလေးတွေရဲ့ထုံ့းစံတိုင်း ဘေးပတ်ပတ်လည်မှာ စပွန်ဆာကိုကိုတွေက ဝိုင်းဝိုင်းလည်နေပါပြီ။နီးစပ်ရာအသိုင်းအဝိုင်းမှာလည်း ဝါဆိုမိုးဦးတစ်ယောက်ဘယ်ကိုကိုရဲ့လက်ကိုတွဲမှာလဲလို့ စောင့်ကြည့်နေခိုက်မှာပဲ “ဇူလိုင်လ ၃ဝရက်နေ့ညက Sedona ဟိုတယ်ကြီးမှာ သူမရဲ့ ၁ရနှစ်မြောက်မွေးနေ့ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပလိုက်ပါတယ်။အဲဒီပွဲမှာ အနှပညာရှင်တော်တော်များများစုံညစွာတက်ရောက်ခဲ့ကြသလို “ဝါဆိုရဲ့ချစ်သူပါ”ဆိုပြီးပွဲထုတ်ခဲ့တဲ့ ဖြူဖြူချောချော ကိုလူချော တစ်ယောက်ကိုလည်း တွေမြင်ခဲ့ရပါတယ်။ဒါပေမဲ့ ပွဲစပြီဆိုကတည်းကအနှပညာ အသိုင်းအဝန်းမှာ လူပွဲစားလို့နာမည်ကြီးနေတဲ့ မာမီယောင်ယောင်ဘာယောင်ယောင် ကိုခွန်ချိုဆိုတဲ့လူကိုတွေ့မြင်ခဲ့တာကြောင့်ဒီပွဲလေးက ခွန်ချိုရဲ့ချိတ်ဆက်ပေးမူနဲ့ အောင်မြင်သွားတဲ့ပွဲလေးတစ်ပွဲဆိုတာကို ရောက်လာကြတဲ့သူတိုင်း သိသွားကြပါတယ်။ထူးထူးခြာခြားမြင်ရတဲ့ မြင်ကွင်းတစ်ခုက မွေးနေ့ပွျျွဲာ မွေးနေ့ရှင် ဝါဆိုမိုးဦးရဲ့ဘေးမှာ စကျူရတီ ဘော်ဒီဂတ်နှစ်ယောက်က တကောက်ကောက်လိုက်နေတာ မြင်ရတွေ့ခဲ့တာကြောင့်ခေါင်းထဲမှာမေးခွန်းတွေ […]