မြသဲ ( 17082011 )October 6, 20131min31028
အခုတလော ကားလမ်းတွေပိတ်နေတာမတရားနင်းကိုဖြစ်နေတာပါပဲ။ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်သုံးနှစ်လောက်ကိုပြန်စဉ်းစားကြည့်မိတယ်။ ရန်ကုန်မှာ ကားတွေများတယ် ဆိုပေမဲ့ ကားမောင်းရတာ ဘာပြသနာမှမရှိဘူး။ လိုင်းကားတွေကလဲ ဆိုးတယ်ဆိုပေမဲ့ သူ့လမ်းသူမောင်းပြီး အားလုံးအေးရာအေးကြောင်းပဲလို့ထင်မိတာပဲ။ အခုပါမစ် တွေ ထုပ်ပေးပြီးနောက်ပိုင်းမှာ ဆိုးဆိုးလာလိုက်တာ။ မြို့ထဲတခါထွက် ဟိုနားမယ် ဂျွတ်၊ ဒီနားမယ် အုန်း၊ ဟိုးရှေ့နားမယ်ဗျောင်းနဲ့နေအောင် ကားချင်းညိနေကြ တာတွေ့ရတယ်။ လိုင်းကားတွေဆိုတာလဲ သူမမောင်းတဲ့လမ်းမရှိဘူး။ လမ်းလုံးပြည့်ကိုမောင်းနေတာ။ Taxi ဆိုတာကတော့ အိုး တိုးမယ်တိုက်မယ် ဆဲမယ်ဆိုတာချည်းပဲ။ လမ်း ပြောင်းပြန်   မောင်းတာတွေကလဲအတော်ကိုစိတ်ညစ်စရာပါပဲ။ ဘာဖြစ်လို့များတဖက်လမ်းဝင်မောင်းတယ်မသိဘူး။ ကျွန်မစဉ်းစားလို့ကိုမရဘူး။ တကယ်ပါ။ အားလုံးဟာလု ယက် မောင်းနေကြတာကိုစိတ်ပျက်စရာတွေ့နေရတယ်။ ငါသွားမယ်ဆိုတဲ့သူချည်းပဲ။ ရတယ်မင်းသွား ငါစောင့်မယ်ဆိုတဲ့သူတယောက်မှမရှိဘူး။ အခုကားမောင်းရင် အိုး ရှေ့နောက်ဝဲယာအကုန်ကြည့်တာတောင် တခါတခါ တိုက်တော့မလိုဖြစ်ဖြစ်သွားသေး။ ဘာမှန်းမသိ အတင်းတိုးဝင်တာပဲ။ ကိုယ်ကမမြင်လို့အရှိန်မလျော့မိရင် ညိပွဲပဲ။ […]